DVB Logo
Home
မြန်မာသတင်း
စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေ
DVB
·
February 11, 2024
စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ မုပ္ပလင်လမ်းဆုံရဲဂိတ်နဲ့ စစ်တောင်းတံတားသစ်ဂိတ်တို့ကို တော်လှန်ရေးအင်အားစုတွေ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF Drone Team ကလည်း ကိုယ်တိုင်ထုတ် မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူဆီက သိရပါတယ်။

IPDF ရဲ့တာဝန်ရှိသူက “မုပ္ပလင်လမ်းဆုံတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁ ဦးသေပြီး အများအပြား ဒဏ်ရာရတယ်လို့ စုံစမ်းသိရတယ်။ စစ်တောင်းတံတားသစ်ဂိတ် တိုက်ခိုက်မှုမှာ အထိအခိုက်စာရင်း စုံစမ်းနေတယ်” လို့ ပြောပါတယ်။

စစ်တောင်းတံတားသစ်ဂိတ်ကို ၂ ကြိမ်၊ မုပ္ပလင်လမ်းဆုံ ရဲဂိတ်ကို ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးကို KNU/KNLA က ဦးဆောင်ပြီး IAF( Iron Adventure Force)၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖ Drone Team၊ IPDF Drone Team၊ ကျိုက်ထိုမြို့နယ်တော်လှန်ရေး အင်အားစု (KRF) နဲ့ ကဝ ပကဖ တို့ ပူးပေါင်းပါ၀င်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုတွေက မုပ္ပလင် လမ်းဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့သလို တော်လှန်ရေးအင်အားစုတွေရဲ့ မကြာခဏ တိုက်ခိုက်​တာခံရတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013