
ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် စပိန်ထိပ်သီး ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဧည့်သည် အက်သလက်တီကို အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။
ပွဲအစမှာ ဘာကာတို့ တိုက်စစ်ဆင်ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ အက်သလက်တီကို ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းပွဲချိန် မိနစ် ၄၀ မှာတော့ အက်သလက်တီကို တောင်ပံကစားသမား ဆီမြွန်နီကို ဘာကာရဲ့ နောက်ဆုံးနောက်ခံလူ ကူဘာစီက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး အနီကတ်နဲ့ အထုတ်ခံခဲ့ရ ပါတယ်။
အဲဒီဖျက်ထုတ်မှုအတွက်ပေးခဲ့တဲ့ ပြစ်ဒဏ်ဘောကို အက်သလက်တီကို တိုက်စစ်မှူး ဂျူလီယန် အဲဗရက်စ်က တိုက်ရိုက်ကန်သွင်းပြီး အဖွင့်းဂိုးရယူသွားခဲ့ပါတယ်။
အဲဒီနောက် လူစားဝင်လာတဲ့ တိုက်စစ်မှူးဆိုလာတ်က အက်သလက်တီကိုအတွက် မိနစ် ၇၀ မှာ ဒုတိယအနိုင်ဂိုးသွင်းယူခဲ့ပြီး ပွဲအပြီးမှာတော့ အက်သလက်တီကိုတို့ ၂ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအကျော့ပွဲစဉ်ကိုတော့ အက်သလက်တီကိုကွင်းမှာ လာမဲ့ ဧပြီ ၁၅ ရက်နေ့ ကစားမှာ ဖြစ်ပါတယ်။










