DVB Logo
Home
နိုင်ငံတကာ
ကလေးလိင်အလွဲပြုမှုနှင့်ပတ်သက်သူကို လွတ်ငြိမ်းခွင့်ပေးမိသည့် ဟန်ဂေရီသမ္မတ နုတ်ထွက်
DVB
·
February 11, 2024
ကလေးလိင်အလွဲပြုမှုနှင့်ပတ်သက်သူကို လွတ်ငြိမ်းခွင့်ပေးမိသည့် ဟန်ဂေရီသမ္မတ နုတ်ထွက်
Donate to DVB

ကလေးဂေဟာတခုမှာ လိင်အလွဲလုပ်မှု အရှုပ်တော်ပုံကို ဖုံးကွယ်ဖို့ကြိုးစားခဲ့မှုနဲ့ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ လူတဦးကို လွတ်ငြိမ်းချမ်သာခွင့် ပေးခဲ့မိလို့ ဝေဖန်ခံနေရတဲ့ ဟန်ဂေရီ အမျိုးသမီးသမ္မတ ကာတာလင်နိုဗက်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရာထူးက နုတ်ထွက်သွားပါတယ်။ 

ဟန်ဂေရီမှာ အစိုးရအဖွဲ့ခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ဖြစ်ပြီး သမ္မတက ဂုဏ်ပြုခံသဘောသာ ဖြစ်ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တာလိုမျိုး လုပ်ပိုင်ခွင့်အာဏာတချို့ ရှိနေပါတယ်။ 

ကွန်ဆာဗေးတစ်ဝါဒီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ အဓိကမဟာမိတ်တဦးဖြစ်တဲ့ နိုဗက်ရဲ့ သမ္မတ 44 လွတ်ငြိမ်းချမ်းသာခွင့် အသုံးပြုမှုအကြောင်းကို 444.hu ပြည်တွင်းသတင်း ဝက်ဘ်ဆိုက်က ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး လွတ်ငြိမ်းခွင့်ကို သမ္မတနဲ့အတူ လက်မှတ်ထိုးခဲ့တဲ့  တရားရေးဝန်ကြီးဟောင်း ဂျူဒစ်ဗာဂါကိုပါ အမတ်နေရာက နုတ်ထွက်ဖို့ အတိုက်အခံတွေက ဖိအားပေးခဲ့ပါတယ်။

ဗာဂါဟာလည်း အော်ဘန်ရဲ့ပါတီမှာ တက်သစ်စ နိုင်ငံရေးအလားအလာကောင်းသူ တဦးအဖြစ် မှတ်ယူခံရသူ ဖြစ်ပါတယ်။ 

၂၀၁၀ ကတည်းက အာဏာရထားတဲ့ ဝန်ကြီးချုပ် အော်ဘန်အတွက် အခုကိစ္စဟာ နိုင်ငံရေးအရ အထိနာစရာ ဖြစ်ခဲ့ရပြီး သူ့လူနှစ်ယောက်ကို ထိုးကျွေးလိုက်ရတဲ့သဘော ဖြစ်သွားတာပါ။ 

ကလေးသူငယ်အပေါ် ပြစ်မှုကျူးလွန်သူတွေကို သမ္မတက လွတ်ငြိမ်းချမ်းသာပေးပိုင်ခွင့်မရှိဘူး ဆိုတဲ့ အချက်ကို အခြေခံဥပဒေမှာ ဖြည့်စွက်ဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အော်ဘန်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ အဲဒီကတည်းက သမ္မတနဲ့ တရားရေးဝန်ကြီးဟောင်းဟာ ပါတီ အထိမနာရေး တာဝန်ယူပေးရတော့မယ်ဆိုတဲ့သတင်း ထွက်နေခဲ့တာပါ။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013