DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့ပေါ်က စစ်သားများ ဗုံးကြဲခံရပြီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
February 10, 2024
ဘုတလင်မြို့ပေါ်က စစ်သားများ ဗုံးကြဲခံရပြီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်ချ တပ်စွဲနေတဲ့ အထိုင်စခန်းကို ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်သား ၁ ယောက်သေဆုံး၊ ၄ ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီတပ်က မြို့ပေါ်မှာသွားလာနေတဲ့ ခရီးသွားတွေကို ဖမ်းဆီးစစ်ဆေးသလို မြို့ပေါ်က ရပ်ကွက်တွေထဲကိုလည်း ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မြို့ပေါ် တိုက်ခိုက်ခံရတိုင်း သူတို့ လုပ်နိုင်တာက ပြည်သူအပေါ် အနိုင်ကျင့်ဖို့ပဲသိတာ။ သတ္တိ ရှိတယ်ဆိုရင် PDF ကို ရှာတိုက်ပေါ့။ အခုဟာက သူတို့အတိုက်ခံရတိုင်း ဒီပြည်သူတွေဘဲ အနိုင်ကျင့်ကျင့်နေတော့ ကြာလေ ကြာလေ ဒီကောင်တွေကို မေတ္တာကိုမရှိတော့တာ” လို့ ပြောပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းယာဉ်အသုံးပြုပြီး သူတို့တိုက်ခိုက်ခဲ့တဲ့ နေရာဟာ ဘုတလင်မြို့က OSS ရုံးနဲ့ CB BANK မှာ စစ်ကောင်စီအထိုင်စခန်းချနေတဲ့ နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နင်ဂျာအဖွဲ့တာဝန်ရှိသူက “သူတို့ ထင်မှတ်မထားတဲ့အချိန်ကို ကျနော်တို့ ဗုံးသီး ၂ လုံး ချခဲ့တာဗျ။ စကစတွေဘက်က အတော်အထိနာသွားတယ်ဗျ။ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ခင်းပိုင်းကို ကျနော်တို့  မြို့ထဲက စစ်ကောင်စီ ဖရဲသီးဆီ စုံစမ်းကြည့်တာ ကတော့ ဗုံးသီးချတဲ့အချိန်မှာ စစ်ခွေးတွေ ဒဏ်ရာအများအပြားရရှိပြီး ၄ ဦးကတော့ တော်တော်လေးကို ဒဏ်ရာပြင်းထန်ရတယ်လို့ သိထားရတယ်။ ဒီနေ့မနက်ခင်းမှာပဲ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့ စစ်(-)၄ ကောင်ထဲက ၁ ကောင်ကတော့ သေသွားပြီလို့ သိထားရတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ဘုတလင်နင်ဂျာအဖွဲ့က Ninja Drone Team နဲ့ တပင်ရွှေထီးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်လို့လည်း သိရပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013