DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးကို ကလေး PDF ဖမ်းဆီး
DVB
·
February 10, 2024
ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးကို ကလေး PDF ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကံပုလဲရွာက ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတယောက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင် ကလေး PDF က ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာ ကံပုလဲရွာသူ အသက် ၄၃ နှစ်အရွယ် ကြံ့ခိုင်‌ရေးပါတီဝင် ဒေါ်သီသီအေးဖြစ်ပြီး သူ့ရဲ့ အမျိူသားက စစ်ကောင်စီတပ်က တပ်ကြပ်ဖြစ်သလို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တပ်မတော်ထောက်ခံကြောင်းတွေ မကြာခဏ ရေးသားလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အတိုက်အခံဖြစ်လေ့ရှိပါတယ်။

ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တယောက်က “ဖမ်းဆီးရမိတာ ဟုတ်ပါတယ်။ ညက ၁ နာရီလောက် ရွာထဲကအိမ်ထိ တက်ဖမ်းခဲ့တာ။ သူ့ဆီက ဓား ၁ လက်၊ ပိုက်ဆံအိတ်နဲ့ ဖုန်းကို သိမ်းဆည်းခဲ့တယ်။ သူ့ကို ကောင်းမွန်စွာနဲ့ ရိုက်နှက်တာမရှိဘဲ ခေါ်ဆောင်ခဲ့တာပါ” လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ ဒေါ်သီသီအေးကို ကလေးမြို့ တော်လှန်ရေးအင်အားစုဘက်က စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒေါ်သီသီအေးဟာ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ PDF ၂ ယောက် မီးရှို့သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး သတင်းပေးလို့ သံသယရှိကြောင်း ပြောဆိုတာတေွ ရှိပေမဲ့ ကလေး ပကဖ ကတော့ ဒါကို အတည်မပြုသေးပါဘူး။

ဒါ့အပြင် ဒေါ်သီသီအေးကလည်း ဒါနဲ့ပတ်သက်လို့ သူမသိကြောင်းနဲ့ သူ့ပယောဂကြောင့် တဦးတယောက်မှ ဒုက္ခရောက်ရတာမရှိဘူးလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ရေးသားထားပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် ဒေါ်သီသီအေးဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ကံပုလဲရွာဘက်ကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကံပုလဲကျေးရွာဟာ ကလေးမြို့နားမှာ တည်ရှိပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီက တပ်စွဲနေထိုင်သလို ရွာသားတချို့ကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင် ပေးထားတယ်လို့ သိရပြီး ပျူစောထီးကျေးရွာဖြစ်တဲ့ နှောညောင်ပင်ရွာနဲ့ ကပ်လျက်မှာ ရှိပါတယ်။

ဓာတ်ပုံ-မယ်သီ Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013