DVB Logo
Home
မြန်မာသတင်း
မီးရှို့အသတ်ခံရသူ ၂ ဦး သတင်း အွန်လိုင်းမှာမျှဝေသူ ဖမ်းခံရ
DVB
·
February 10, 2024
မီးရှို့အသတ်ခံရသူ ၂ ဦး သတင်း အွန်လိုင်းမှာမျှဝေသူ ဖမ်းခံရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးရွာမှာ PDF ၂ ယောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့သတင်းကို ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာမှာ ပြန်မျှဝေခဲ့တဲ့ မန္တလေးမြို့က အမျိုးသမီးတယောက်ကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် စာမျက်နှာတွေမှာ ရေးသားဖော်ပြကြပါတယ်။

အသက် ၁၈ နှစ်အရွယ် မယွန်းစန္ဒီမောင်က မြောက်ခင်ရန်းရွာမှာ လူငယ် ၂ ယောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်းကို သူ့ရဲ့ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေရင်း ‘နောက်ဘဝကျရင် အေးချမ်းတဲ့နိုင်ငံတွေမှာ လူဖြစ်ပါစေ’ လို့ ဆုတောင်းခဲ့တာဖြစ်ပါတယ်။

ယွန်းစန္ဒီမောင်ကို မန္တလေးမှာရှိတဲ့ သူ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပြီး လက်ထိပ်ခတ်ဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာတွေမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြန့်ဝေထားတာပါ။

မယွန်းစန္ဒီမောင် အဖမ်းခံရတာနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ကလည်း သူတို့တပ်ဖွဲ့ဝင် ၂ ယောက် ဖမ်းဆီးခံခဲ့ရပြီး ပျူစောထီးတွေက သတ်ဖြတ်ခဲ့ကြောင်း ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013