DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင် မြေပြိုမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေ
DVB
·
February 10, 2024
ဖိလစ်ပိုင် မြေပြိုမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေ
Donate to DVB

ဖိလစ်ပိုင်တောင်ပိုင်း ဒါဗောင်းဒီအိုရိုပြည်နယ်၊ မာကိုမြို့မှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်လို့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေရေးတွေ ဆက်လုပ်နေပြီး ရုပ်အလောင်းတွေကိုလည်း ရှာဖွေဆယ်ယူနေကြပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ အနည်းဆုံး ၁၁ ယောက်ရှိပြီး တခြားသူ ၃၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အပြင် နေအိမ်တွေနဲ့ ဘတ်စ်ကား ၂ စီး မြေကြီးထဲ နစ်မြုပ်သွားခဲ့ရတာပါ။

လူ ၄၀ လောက် ပျောက်ဆုံးနေကြောင်း အစောပိုင်း သတင်းပေးပို့ထားချက်ကို ကျော်လွန်ပြီး ပျောက်ဆုံးနေသူ အရေအတွက်ဟာ အယောက် ၁၁၀ ဦးအထိ တိုးလာခဲ့ကြောင်း မာကိုမြို့ ဘေးအန္တရာယ်အေဂျင်စီရဲ့ လူမှုမီဒီယာအကောင့်မှာ တင်ထားတဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

မိသားစုပေါင်း ၁,၁၆၆ ကျော်ကို နေအိမ်တွေကနေ ပြောင်းရွှေ့ပေးထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါဗောင်း ဒီအိုရိုပြည်နယ်မှာ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013