DVB Logo
Home
မြန်မာသတင်း
TNLA တပ်သားသစ် စုဆောင်းခြင်းဆိုင်ရာ မူဝါဒနှင့် စည်းမျဉ်းများ ထုတ်ပြန်
DVB
·
February 9, 2024
TNLA တပ်သားသစ် စုဆောင်းခြင်းဆိုင်ရာ မူဝါဒနှင့် စည်းမျဉ်းများ ထုတ်ပြန်
Donate to DVB

TNLA ရဲ့ တပ်ဖွဲ့ဝင်စုဆောင်းခြင်းဆိုင်ရာ မူဝါဒနဲ့ စည်းမျဉ်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဗဟိုကော်မတီက အသိပေးစာ ထုတ်ပြန်ထားပါတယ်။

အသက် ၁၆ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ တအာင်းလူငယ်တိုင်း မိမိဆန္ဒရှိပါက TNLA မှာ မိသားစုတစုမှာ အသက် ၁၈ နဲ့ ၂၅ နှစ်ကြား မိန်းကလေး ၂ ဦးနဲ့ အထက်၊ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားရှိ ယောက်ျားလေး ၂ ဦးနဲ့ အထက် ရှိတဲ့ မိသားစုတိုင်း တစ်ဦး စစ်မှုမထမ်းမနေရ ဖြစ်ပြီး အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား ဖြစ်ပါက တစ်ဦးက ပြည်သူ့စစ် (အရံ) ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမှာ ဖြစ်ကြောင်းနဲ့ TNLA ထိန်းချုပ်နယ်မြေက တခြားတိုင်းရင်းသားတွေ အနေနဲ့လည်း PSLF/TNLA ရဲ့ ဦးတည်ချက်၊ မူပေါ်လစီ၊ စည်းမျဉ်း စည်းကမ်း တွေနဲ့အညီ တာဝန်ထမ်းဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။

မိသားစု တစ်စုမှာ အသက် ၁၈ နှစ်ပြည့်ပြီး ယောက်ျားလေး ၂ ဦး ရှိပေမဲ့ တစ်ဦးဦးက တပ်သားသစ် မစုဆောင်းခင် လွန်ခဲ့တဲ့ ၃ နှစ်ကျာ်လောက်ကတည်းက သာသနာ့ဘောင်ထဲ ရှိနေတာ၊ နာတာရှည် ရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရသူ၊ မသန်စွမ်းသူ ရှိနေခြင်းနဲ့ ပြစ်မှုတစ်ခုခုကြောင့် နှစ်ရှည် ထောင်ဒဏ်ကျနေတဲ့ ကာလ ဖြစ်နေပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုပေမဲ့ ကျန်တစ်ဦးကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်မပြုကြောင်းလည်း ဖော်ပြထားပါတယ်။

အသက် ၁၈ နှစ်ပြည့် သွားပေမဲ့ အားလုံးက ကျောင်းတက်နေတာ၊ ညီအစ်ကို နှစ်ယောက် သာ ရှိပြီး တယောက်က  ကျောင်းတက်နေသေးပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမှာဖြစ်ပါတယ်။ 

ဒါပေမဲ့  ၁၈ နှစ်ပြည့်ပြီးမှ ပညာဆက်လက်သင်ရင် စစ်ဦးစီးရုံးမှာ မှတ်ပုံတင်ထားရမှာဖြစ်ပြီး ပညာသင်ရပ်နား ပြီးဆုံးတာနဲ့ စစ်မှုတာဝန်ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ တဦးဦးက အဝေးသင်တက္ကသိုလ် တက်ရောက် ပါက ကင်းလွတ်ခွင့်မပြုဘဲ စစ်မှုထမ်းရင်း ကျောင်းဆက်လက် တက်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်း လည်းပါပါတယ်။

စစ်မှုထမ်းဖို့ တာဝန်ကျသူ အနေနဲ့ လူစားထိုး ငှားရမ်းခြင်း၊ လူအစား ငွေကြေးပေးဆောင်ခြင်း၊ တပ်သား သစ်စုဆောင်းရာမှာ ဘာကြောင့်မှ ငွေကြေးကောက်ခံခြင်း မပြုရကြောင်း၊ စစ်မှုထမ်းခင်းမှ လွတ်မြောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ တခြားဒေသသို့ ရွှေ့ပြောင်းအခြေချနေထိုင်ပေမဲ့ တပ်ဖွဲ့ဝင် စာရင်းအဖြစ်သတ်မှတ်မှာ ဖြစ်ပြီး စစ်မှုထမ်းရမယ့်သူ မကျန်းမာနေချိန်၊ မိသားစုအတွင်း နာရေးကိစ္စကြုံရချိန်၊ သဘာဝဘေး အန္တရာယ် တစ်ခုခု ကျရောက်ခံစားနေချိန်တွေမှာ တပ်ဖွဲ့ဝင်အဖြစ်သာ စာရင်းကောက်ယူပြီး ရပ်ရွာကော်မတီရဲ့ ထောက်ခံချက်နဲ့ ၆ လထက် မပိုတဲ့ ယာယီကင်းလွတ်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော်မှ သတ်မှတ်ထားတဲ့ ရက်ရှည်ဆေးကုခွင့်၊ ရက်ရှည် အနားယူခွင့် ရရှိထားတဲ့ မိသားစုကို တပ်သားသစ်ထပ်မံ စုဆောင်းခြင်းမပြုရပေမဲ့ မိသားစုမှာ သားယောက်ျား ၃ ဦးနဲ့ အထက်ရှိပြီး မိသားစုထဲ အတူနေပါက တဦးကို တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်နိုင်ပြီး စစ်မှုထမ်းနေချိန် ပြင်းထန်ဒဏ်ရာရရှိခြင်း၊ ကျဆုံးခြင်းရှိတဲ့ မိသားစုမှာ သား ယောက်ျား ဘယ်လောက်ရှိရှိ တာဝန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ယောက်ျားလေး ၂ ဦး ဒါမှမဟုတ် မိန်းကလေး ၃ ဦး သာရှိတဲ့ မိသားစုမှာ TNLA ရဲ့ ပညာရေးဌာန၊ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်သူ ရှိနေပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်ကြောင်းလည်း ပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013