DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့ခံ  ၁၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
February 9, 2024
မအူပင်မြို့ခံ  ၁၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တလအတွင်း  ဒေသခံ ၁၃ ယောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း ဒေသခံ ၁၃ ယောက်ကို စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ ခေါင်းစဉ်တပ်ပြီး အဖမ်းခံရတဲ့ ဒေသခံ ၁၃ ယောက်ထဲမှာ အမျိုးသားလူငယ်တွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “စစ်သားတွေနဲ့ ရဲတွေက ကင်းလှည့်လာရင်း အပြင်မှာတွေ့တာနဲ့ ဖမ်းတာ။ ဖမ်းတဲ့ရဲတွေနဲ့ စစ်သားတွေကလည်း မူးမူးရူးရူးနဲ့။ ဖမ်းတုန်းက ကလေးတွေကို ရိုက်နှက်တာတွေလည်း လုပ်တယ်။ ကလေးတွေက အပြင် လက်ဖက်ရည်တောင် ထွက်မသောက်ရဲတဲ့ဘဝ ရောက်နေတယ်။ စစ်တပ်က တော်တော်ဆိုးတာထက် ပိုတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာ အသက် ၂၀ ကျော် ၈ ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် ၅ ယောက်ဖြစ်ပြီး မအူပင်မြို့ပေါ်က ဒေသခံတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေတယောက်က “အခုအဖမ်းခံရတဲ့ ကလေးတွေက အိမ်အပြင်ထွက် လက်ဖက်ရည်ဆိုင်သွား ပြန်လာရင်း အဖမ်းခံရတာပါ။ လက်ဖက်ရည်သွားသောက်တဲ့ ကလေးတွေကို ဖမ်းမယ်ဆို လက်ဖက်ရည်ဆိုင်တွေ၊ အရက်ဆိုင်တွေကို အရင်ပိတ်မှရမယ်။ အဖမ်းခံရသူတွေက သူတို့ သတ်မှတ်ထားတဲ့ ၁၂ နာရီကျော်တဲ့အထိ အပြင်မှာရှိနေတာလည်း မဟုတ်ပါဘူး။ အားလုံးလည်း အဲ့အမိန့် ထုတ်ပြန်ချက်ကို သိနေတာပဲ။ ည ၁၀ နာရီဆိုတာ နောက်ဆုံးပါ” လို့ ပြောပါတယ်။

အဲ့ဒီဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ရဲစခန်းမှာပဲ ထိန်းသိမ်းထားပြီး သူတို့ကို ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့ တရားလွှတ်တော်ရှေ့နေတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း မအူပင်မြို့နယ်မှာ ညမထွက်ရအမိန့်ကို မလိုက်နာလို့ဆိုပြီး အမျိုးသမီးငယ် ၃ ယောက် အပါအဝင် ဒေသခံ ၉ ယောက်အထိ ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013