DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်တပ်ဘန်ကာနှင့် အုပ်ချုပ်ရေးမှူးရုံးများ ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
February 9, 2024
ရန်ကုန်တွင် စစ်တပ်ဘန်ကာနှင့် အုပ်ချုပ်ရေးမှူးရုံးများ ဖောက်ခွဲတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်မြို့ရှိ စစ်ကောင်စီဒေါက်တိုင် နေရာ ၃  နေရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ Dark Shadow UG အဖွဲ့နဲ့ မဟာမိတ် GOD အဖွဲ့တို့က ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့​တယ်လို့ Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Dark Shadow တပ်ဖွဲ့နဲ့ မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေနဲ့ နီးစပ်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ ဖေဖော်ဝါရီ ၇ ရက်က စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်ရှိ ရဲဘန်ကာ၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာလည်း အင်းစိန်မြို့နယ် ဈေးကုန်းအနောက်ရပ်ကွက်ရုံးတို့ကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းစိန်မြို့နယ် ဒေသခံတဦးက “နေ့လယ် ၁၂ နာရီခွဲလောက်ရှိမယ်၊ ဗုံးပေါက်သံ ကြားလိုက်တယ်။ ထောင်နားက ရပ်ကွက်ရုံးမှာ ပေါက်တာပါ။ ရုံးရှေ့ရပ်ထားတဲ့ တက္ကစီကားတစီးတော့ ထိခိုက်တာတွေ့တယ်။ လူထိခိုက်တာမျိုးတော့ မတွေ့ရဘူး” လို့ ပြောပါတယ်။

Dark Shadow တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ နေရာ၊ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်တာကြောင့် သူတို့နဲ့ ဆက်စပ်နေရာတွေကို ပြည်သူတွေဘက်က ရှောင်တိမ်းနေထိုင်ကြဖို့လည်း မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013