DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
February 9, 2024
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊  မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်ကနေ ပြည်သူပိုင်ပစ္စည်းတွေ လာသယ်တဲ့ စစ်ကောင်စီ တပ်သား ၂ ယောက်ကို ရွာသစ်ကျေးရွာနဲ့ ကိုင်းတောမ စာသင်ကျောင်းနားမှာ ဖေဖော်ဝါရီ ၈ ရက် မနက် ၁၀ နာရီလောက်က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People's Defense Force အဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရေစက်က ထွက်လာတဲ့ စစ်သား ၂ ယောက်  ပစ်ခတ်ခံရပြီးနောက် တယောက် နေရာတင် ထိမှန်သေဆုံးခဲ့ပြီး ကျန်တယောက်က အနည်းငယ် ထိမှန်ခဲ့တယ်လို့ Earthquake People's Defense Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

“ကိုင်းတောမစာသင်ကျောင်းနဲ့ ရွာသစ်ကြားမှာ တိုက်ခိုက်ခဲ့တာ၊ ပစ္စတိုကိုင်ထားတဲ့ တယောက်က နေရာတင် ပွဲချင်းပြီးသေသွားပြီး တခြားတယောက်လည်း ဒဏ်ရာရထားတော့ ခုခံပြီး ပြန်ပစ်နိုင်တာမရှိဘူး။ စခန်းနဲ့နီးပြီး စစ်ကူ တန်းထွက်လာတော့ အလက်မကောက်နိုင်ခဲ့ဘဲ အထိအခိုက်မရှိတော့ ဆုတ်ခွာနိုင်ခဲ့တယ်။”

ကိုင်းတောမရေစက်ကနေ စစ်သားတွေက ရွာသစ်ကျေးရွာကို မကြာခဏလာပြီး ပြည်သူပိုင် ပစ္စည်းတွေ သိမ်းယူတာ၊ ရိက္ခာလာယူတာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်က ထွက်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ စစ်သားကို အလောင်းလာသယ်ခဲ့ပေမဲ့ သေဆုံးစစ်သားရဲ့ နာမည်နဲ့ ရာထူးကို အတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၇ ရက်ကလည်း မြိုင်မြို့နယ် အရှေ့မြောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်သား အင်အား ၁၀၀ ပါ စစ်ကြောင်းကို ပေါက်ပြင်းရွာအရောက်မှာ Fix Wing Dorne နဲ့ 1 kg ကျော် ဗုံးသီး ၁၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force ကနေ သိရပါတယ်။

Young Force အဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံက  “မြိုင်ပတ်ချာလည်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းပါ။ ဒီစစ်ကြောင်းက တရွာကနေတရွာ ကူးတဲ့အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချခဲ့တာ၊ ပေါက်ပြင်းရွာ ဘုန်းကြီးကျောင်းထဲမှာ နှစ်ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရတယ်၊ မလှုပ်နိုင်တော့ဘူး” လို့ ပြောပါတယ်။

မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ ပေါက်ပြင်းရွာမှာ တပ်စွဲထားချိန် ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ ဗုံးသီးချခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကလည်း ပြန်ပစ်ခတ်ပေမဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပေါက်ပြင်းရွာအရောက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်တပ်က ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီဝန်းကျင်ကပဲ မြိုင်မြို့နယ်ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013