DVB Logo
Home
နိုင်ငံတကာ
ဘိုးအင်း 737 MAX 9 လေယာဉ်တံခါးပြုတ်ထွက်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက် ထုတ်ပြန်
DVB
·
February 7, 2024
ဘိုးအင်း 737 MAX 9 လေယာဉ်တံခါးပြုတ်ထွက်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက် ထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက ဘိုးအင်း 737 MAX 9 လေယာဉ် ပျံသန်းစဉ် တံခါးကြီးတခုလုံး ပြုတ်ထွက်ခဲ့မှုမှာ  တံခါးချက်(ဂျက်) Bolt လေးလုံး ပြုတ်နေတာကြောင့် ဖြစ်တယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူတွေရဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက အတည်ပြုပါတယ်။

အလာစကာအဲလိုင်းကသုံးစွဲတဲ့ အသစ်စက်စက် လေယာဉ်ကြီး ပျံသန်းနေစဉ် အသေပိတ်ထားတဲ့ တံခါးကြီး ဝုန်းကနဲပြုတ်ထွက်သွားတဲ့ကိစ္စကြောင့် ဘိုးအင်းကုမ္ပဏီဟာ တော်တော်နာမည် ပျက်ခဲ့ရပါတယ်။ 

အမေရိကန်အမျိုးသားပို့ဆောင်ရေးဘေးကင်းမှု ဘုတ်အဖွဲ့ (NTSB) က  လွှတ်တော်မှာ တင်ပြတဲ့ မှာတော့ ဒီတံခါးချပ်ပြားကြီးကို ဖြုတ်ပြီး ပြန်တပ်တဲ့အချိန် Bolt  လေးခုကို ပြန်မတပ်ခဲ့တာကြောင့် ခုလိုဖြစ်ရတယ်လို့ အတည်ပြုပါတယ်။  

အဲဒီချပ်ပြားကြီးကို တံခါးချက်(ဂျက်) Bolt လေးခုအပြင် Fitting ၁၂ ခုနဲ့ အသေတပ်ထားတာ ဖြစ်ပါတယ်။ 

တံခါးပွင့်ထွက်တဲ့နေရာဟာ ခရီးသည်များများတင်တဲ့ လေကြောင်းလိုင်းတွေကျရင် အရေးပေါ် ထွက်ပေါက်အပိုအနေနဲ့ သုံးဖို့ ဖောက်ထားတဲ့အပေါက်နေရာ ဖြစ်ပါတယ်။

အရေးပေါ်ထွက်ပေါက်အနေနဲ့ မသုံးရင်ကျတော့ ပလပ်တံခါး (Door Plug) လို့ ခေါ်တဲ့ ချပ်ပြားကြီးနဲ့ အသေပိတ်ပစ်ရတာ ဖြစ်ပါတယ်။ 

အရပ်အခေါ်  လေပစ်လို့ ခေါ်တဲ့  rivet တစ်လုံးထိသွားလို့ ဆိုပြီး ပြန်ပြင်တဲ့အချိန် ဘိုးအင်းစက်ရုံ ကအလုပ်သမားတွေက အသေပိတ်ပြီးသားချပ်ပြားကြီးကို ခဏဖြုတ်ထားခဲ့တယ်လို့ဆိုပါတယ်။ 

ပြီးတော့ ပြန်တပ်တဲ့အခါ  Fitting တွေပဲ ပါလာပြီး မူလီ Bolt တွေ ပြန်မတပ်ခဲ့တာကြောင့် ခုလို ပြုတ်ထွက်ခဲ့တာလို့ဆိုပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013