Home
မြန်မာသတင်း
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၌  တိုက်ပွဲပြင်းထန်နေ
DVB
·
February 7, 2024

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့နယ်ရှိ ခလရ ၇၃ တပ်ရင်းအပါအဝင် စစ်ကောင်စီအခြေစိုက် နေရာ ၄ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ မနက်ပိုင်းကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့လို့  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဇရပ်ကြီးမြိုနယ်ရှိ ခလရ ၇၃ တပ်ရင်း၊ ဇရပ်ကြီး ရဲစခန်း၊ ချောင်းခြားစခန်းနဲ့ ရှားစေးဘိုစခန်း တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပါအဝင် ပူးပေါင်းတပ်တွေက  ဒီကနေ့မနက်ပိုင်းက တပြိုင်နက်ဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မြေပြင်ရဲဘော်တဦးက “နောက်ဆုံးအခြေအနေက ၇၃ တပ်ရင်း၊ ချောင်းခြားစခန်း၊ ဇရပ်ကြီးရဲစခန်း ရပြီ။ ခု စကစ လေယာဥ်အကြီးနဲ့ လာပစ်နေတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ လာချနေပြီ” လို့ ပြောပါတယ်။

ဒီလိုဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံး အပါအဝင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  အနီးနား ကျေးရွာတွေက ဒေသခံတွေ အများအပြား ကစဉ့်ကလျား ထွက်ပြေး တိမ်းရှောင်နေကြရ ပါတယ်။

ဒါ့အပြင် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင်းမှာ ပြည်သူအများအပြား ပိတ်မိနေပြီး ပြေးစရာမရှိတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို သိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024