DVB Logo
Home
နိုင်ငံတကာ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အီဂျစ်သမ္မတနှင့် တွေ့ဆုံဆွေးနွေး 
DVB
·
February 7, 2024
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အီဂျစ်သမ္မတနှင့် တွေ့ဆုံဆွေးနွေး 
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ အီဂျစ်နဲ့ ကာတာတို့ ညှိနှိုင်းပေးတဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ  ဖေဖော်ဝါရီ ၆ ရက်မှာ အီဂျစ်သမ္မတ အဗ္ဗဒလ် ဖာတား အလ်စီစီနဲ့ တွေ့ဆုံဖို့အတွက် ကိုင်ရိုမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

အမေရိကန် ထိပ်တန်း သံတမန်ဟာ ဆော်ဒီမြို့တော် ရီယာ့ဒ်ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး အီဂျစ်နဲ့ ကာတာနိုင်ငံတွေကိုလည်း သွားရောက်ဦးမှာဖြစ်တာကြောင့် မာရသွန်ခရီးစဉ်နေ့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီးတော့ အဲဒီကနေမှ အစ္စရေးကို သွားရောက်ကာ ဓားစာခံ စေ့စပ်ညှိနှိုင်းမှုတွေ၊ စစ်ပွဲအလွန်ကာလ ဂါဇာကမ်းမြောင် အစီအစဉ်တွေအပြင် အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ရဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်စေမယ့် အလားအလာတွေကို ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ အောက်တိုဘာလနောက်ပိုင်း ဘလင့်ကန်ရဲ့ ပဉ္စမမြောက်ခရီးစဉ်အဖြစ် ရောက်ရှိလာတာဖြစ်ပြီး အမေရိကန်ဟာ ပြီးခဲ့တဲ့လကုန်ခါနီး ဂျော်ဒန်ရှိ စစ်စခန်းတခုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အီရန် မဟာမိတ်အဖွဲ့ကို လက်တုံ့ပြန်ရေး လှုပ်ရှားမှုကို အရှိန်မြှင့် လုပ်ဆောင်နေချိန်လည်း ဖြစ်ပါတယ်။

ဝါရှင်တန်ဟာ အောက်တိုဘာ ၇ ရက် ကတည်းက ဟားမတ်စ်တွေရဲ့ ပြန်ပေးဆွဲခံရပြီး လွတ်မြောက်ဖို့ ကျန်နေသေးတဲ့ ဓားစာခံတွေ လွတ်မြောက်ဖို့နဲ့ ဂါဇာမှာ တိုက်ပွဲတွေ ခေတ္တရပ်နားဖို့တွေကို အဓိကထား လုပ်ဆောင်ရမယ့် ကိစ္စတွေအဖြစ် ရှုမြင်ထားပါတယ်။

ဒါ့အပြင် တခြားစိန်ခေါ်မှုတွေဖြစ်တဲ့ စစ်ပြီးကာလ ဂါဇာကမ်းမြောင်ဒေသမှာ အုပ်ချုပ်မှု၊ ပါလက်စတိုင်း နိုင်ငံထူထောင်မှုဆီ ဦးတည်တဲ့လမ်းကြောင်းနဲ့ အစ္စရေးနဲ့ ဆော်ဒီအာရေဗျတို့အကြား သူတို့ရဲ့ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေဖို့ သဘောတူညီချက်တွေ စတာတွေမှာလည်း တိုးတက်မှုရအောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013