DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်အချို့ ဝါ၊ စိမ်း၊ နီ အလံများ မဖြုတ်ရဲဘဲ ဆက်တပ်ထား
DVB
·
February 6, 2024
ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်အချို့ ဝါ၊ စိမ်း၊ နီ အလံများ မဖြုတ်ရဲဘဲ ဆက်တပ်ထား
Donate to DVB

ရန်ကုန်မြို့ရှိ မြို့နယ်တချို့က ဘေးတွဲဆိုင်ကယ်တွေဟာ ဝါ၊ စိမ်း၊ နီ အလံ မတပ်ထားရင် အဖမ်းခံရမယ်ဆိုတဲ့ သတင်းကြောင့် တလကျော်ကြာတဲ့အချိန်အထိ မဖြုတ်ရဲဘဲ ဆက်ပြီး တပ်ထားကြတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။

အဲဒီအလံကို ဘေးတွဲဆိုင်ကယ်တွေမှာ တပ်ထားရမယ်လို့ လွတ်လပ်ရေးနေ့ မတိုင်ခင်ကတည်းက သတင်းထွက်ပေါ်ခဲ့လို့ တပ်ထားခဲ့ကြတာဖြစ်ပြီး လွတ်လပ်ရေးနေ့ ပြီးချိန်မှာ ပြန်ဖြုတ်လိုက်သူတွေရှိပေမဲ့ ဆက်တပ်ထားသူတွေလည်း ရှိနေတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက ဆိုပါတယ်။

“တချို့က အလံမပါရင် ဖမ်းမှာကြောက်တာလည်း ပါတယ်။ ဘေးတွဲက နဂိုကမှ တရားမဝင်တော့ အဖမ်းအဆီးရှိရင် သက်ညှာမလားဆိုတဲ့စိတ်နဲ့ မဖြုတ်ဘဲထားကြတာ။”

အဲဒီဘေးတွဲဆိုင်ကယ်တွေ အလံမတပ်ထားရင် ဒဏ်ငွေ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးဆောင်ရမယ်ဆိုတဲ့ သတင်းဟာ ကောလာဟလအနေနဲ့ ပျံ့နှံ့နေတာဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေး အသိုင်းအဝိုင်းကတော့ ညွှန်ကြားထားတာ ရှိမနေဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာလည်း လိုင်းကြေးပေးသွင်းပြီး လုပ်နေကြရတာလို့ ကယ်ရီသမားတချို့က ဆိုပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တလ ၅,၀၀၀ သွင်းရတယ်။ ဖမ်းရင် သူတို့က တာဝန်မယူဘူး။ မပေးရင်သာ သူတို့က အရင်ဖမ်းမှာ” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ပြည်သူ့စစ်နဲ့ လုံခြုံရေးကိစ္စတွေမှာ ပါဝင်ဖို့ စစ်ကောင်စီဘက်က ခေါ်ယူစည်းရုံးတာတွေ ရှိနေတယ်ဆိုပြီးလည်း သတင်းတွေ ထွက်နေပေမဲ့ အတည်ပြုမရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013