DVB Logo
Home
မြန်မာသတင်း
ပလက်ဝရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ  စစ်တွေ၌ စာမေးပွဲဖြေရမည်
DVB
·
February 6, 2024
ပလက်ဝရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ  စစ်တွေ၌ စာမေးပွဲဖြေရမည်
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ကျောင်းသူ တွေကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖြေဆိုဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြားတိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲဖြေဆိုနိုင်ဖို့ စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်လှစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာ ဖြေဆိုဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်းနဲ့ ကျောင်းခွဲ ၄၂ ကျောင်းရှိပြီး နှစ်စဉ် တက္ကသိုလ်တန်းဝင် စာမေးပွဲဖြေဆိုသူ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပလက်ဝမြို့ခံတစ်ဦးက“နိုဝင်ဘာလကတည်းက ကျောင်းတွေစပိတ်နေတာ မြို့ပေါ်မှာရော ကျန်တဲ့ ကျောင်းတွေမှာရော ဇန်နဝါရီ ၁ ရက်နေ့ကအားလုံးပိတ်လိုက်တာပါ၊ အဲ့ဒီကျောင်းသားတွေ စာမေးပွဲဖြေလို့ရအောင် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်ပြီး ဖြေလို့ရအောင် စကစလက်အောက်ခံ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေတာ၊ တခြားမြို့တွေကနေ ပလက်ဝမှာ ကျောင်းလာတတ်တဲ့ကလေးတွေကိုလည်း သူတို့နဲ့နီးစပ်ရာမြို့မှာ ဖြေလို့ရအောင် စီစဉ်နေတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်ကို အေအေက နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ၂ လကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇန်နဝါရီ ၁၄ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013