DVB Logo
Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းရှိ အီရန်နောက်ခံပြုအဖွဲ့များကို အမေရိကန် ဆက်လက်တိုက်ခိုက်မည်
DVB
·
February 5, 2024
အရှေ့အလယ်ပိုင်းရှိ အီရန်နောက်ခံပြုအဖွဲ့များကို အမေရိကန် ဆက်လက်တိုက်ခိုက်မည်
Donate to DVB

အီရတ်၊ ဆီးရီးယားနဲ့ ယီမင်မှာရှိတဲ့ အီရန်နဲ့ပတ်သက်တဲ့ အဖွဲ့တွေကို အမေရိကန်က အခုရက်ပိုင်း ဆက်တိုက်တိုက်ခိုက်နေခဲ့သလို အရှေ့အလယ်ပိုင်းတခွင်လုံးမှာ ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးက ဖေဖော်ဝါရီ ၄ ရက်မှာ ပြောပါတယ်။

ဂျော်ဒန်နိုင်ငံတွင်းက အမေရိကန်တပ်တွေ တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားက အီရန်နောက်ခံပြုအုပ်စုတွေကို တိုက်ခိုက်ပြီး နောက်တရက်မှာ ယီမင်က ဟူသီအဖွဲ့တွေရဲ့ ပစ်မှတ် ၃၆ ခုကို အမေရိကန်နဲ့ ဗြိတိန်က ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က “ကျုပ်တို့တပ်တွေ အတိုက်ခံရရင်၊ ကျုပ်တို့လူတွေ အသတ်ခံရရင် အမေရိကန်က တုံ့ပြန်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ပေးပို့နိုင်ဖို့ ကျနော်တို့ နောက်ထပ် တိုက်ခိုက်မှုတွေ၊ အရေးယူမှုတွေ ဆက်လက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

ဒါပေမဲ့ အီရန်က ပဋိပက္ခထဲမှာ တိုက်ရိုက်မပါသေးသလို အမေရိကန်ကလည်း အီရန်နဲ့ စစ်မဖြစ်ချင်ဘဲ အီရန်ဘက်ကလည်း ဖြစ်ချင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အီရန်နိုင်ငံထဲက ပစ်မှတ်တွေကိုရော တိုက်ခိုက်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ဆူလီဗန်က တိုက်ရိုက်မဖြေခဲ့ပါဘူး။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခက စလိုက်တဲ့ စစ်မီးဟာ အရှေ့အလယ်ပိုင်းဒေသ တခုလုံးကို ကူးစက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပါလက်စတိုင်းကို ထောက်ခံတယ်လို့ ကြေညာပြီးတော့ အီရန်က ပံ့ပိုးထားတဲ့အဖွဲ့တွေက ဒေသတခွင်မှာ အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့တွေက အစ္စရေးပစ်မှတ်တွေကို ပစ်ခတ်ခဲ့ပါတယ်။၊

အီရတ်က စစ်သွေးကြွတွေက အီရတ်နဲ့ ဆီးရီးယားက အမေရိကန်တပ်တွေကို တိုက်ခိုက်နေပါတယ်။

ယီမင်က ဟူသီအဖွဲ့ကတော့ ပင်လယ်နီက ရေကြောင်းသွားလာမှုတွေကို တိုက်ခိုက်နေပါတယ်။

ဒီအပေါ်မှာ အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း လက်တုံ့ပြန် တိုက်ခိုက်နေကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013