Home
အနုပညာ
Fight Delta Fight တော်လှန်ရေးဇာတ်ကားမိတ်ဆက်ပွဲ မဲဆောက်မြို့၌ ပြုလုပ်
DVB
·
February 4, 2024

ဧရာဝတီတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ဖို့ ရိုက်ကူးထားတဲ့ Fight Delta Fight ဇာတ်ကားမိတ်ဆက်ပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီ ဇာတ်ကားကို မြန်မာနိုင်ငံအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းချရာ နေရာတွေမှာ လက်နက်နဲ့ ကျည်အစစ်တွေ သုံးပြီး တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ မင်းလက်ရာက ပြောပါတယ်။

ထုတ်လုပ်သူ ဦးသန်းလွင်ကလည်း ဒီဇာတ်ကားက ရတဲ့ ဝင်ငွေတွေကို ဧရာဝတီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ပံ့ပိုးကူညီသွားနိုင်ဖို့ ရိုက်ကူရတာလို့ ပြောပါတယ်။

လာမယ့် မတ်လအတွင်း ကနေဒါနဲ့ အမေရိကနိုင်ငံတို့မှာ စတင်ပြသမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ပြသနိုင်ဖို့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024