DVB Logo
Home
မြန်မာသတင်း
ပျက်ကျ စစ်ရဟတ်ယာဥ် ၁ စီး၏ ဓာတ်ပုံ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထုတ်ပြန် 
DVB
·
February 4, 2024
ပျက်ကျ စစ်ရဟတ်ယာဥ် ၁ စီး၏ ဓာတ်ပုံ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထုတ်ပြန် 
1 / 4
Donate to DVB

ပျက်ကျနေတဲ့ စစ်ရဟတ်ယာဥ် ၁ စီးရဲ့ မှတ်တမ်းဓာတ်ပုံကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ 

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး ရက် ၁၀၀ ပြည့်နေ့ တိုက်ပွဲသတင်းအဖြစ် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါပျက်ကျတဲ့ စစ်ရဟတ်ယာဥ်နဲ့ ပတ်သက်လို့ ဘယ်အချိန် ဘယ်နေရာမှာ ဘာကြောင့် ပျက်ကျတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားချက်မရှိသလို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။  

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တလတည်းမှာ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်နဲ့ လေယာဉ် ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချထားနိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်၊ နာဖော့စခန်းကိုလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က ပစ်ချနိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို ဗုံးလာကြဲတဲ့  FTC 2000 G တိုက်လေယာဉ်ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၉ ရက်ကလည်း  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့လို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၁ စီး ပျက်ကျပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ပါတယ်။

စစ်ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ပျက်ကျတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။  

Photo-  (AA+MNDAA+TNLA)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013