DVB Logo
Home
မြန်မာသတင်း
မတူပီတွင် စစ်ကြောင်းမိုင်းဆွဲခံရသဖြင့် အနည်းဆုံး ၆ ဦး ဒဏ်ရာရပြီး ရွာကို မီးရှို့
DVB
·
February 4, 2024
မတူပီတွင် စစ်ကြောင်းမိုင်းဆွဲခံရသဖြင့် အနည်းဆုံး ၆ ဦး ဒဏ်ရာရပြီး ရွာကို မီးရှို့
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတူပီမြို့နယ်၊ ချန်းပြန်းရွာနားမှာ မိုင်းဆွဲတိုက်ခိုက်လို့ အနည်းဆုံး စစ်ကောင်စီတပ်သား ၆ ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး မင်းတပ်-မတူပီလမ်းကို အသုံးပြုခွင့် ပိတ်ထားတယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က မတူပီ-ပလက်ဝ လမ်းမပေါ်မှာ တပ်စွဲထားတဲ့ ခလရ ၃၀၄ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

CDF - မတူပီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိမ်းက “ထိခိုက်တာက ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရတယ်။ အဲဒီထဲက တဦးက ခြေထောက် ၂ ဖက်လုံးပြတ်တယ်။ တယောက်က ခြေထောက်တဖက်ပြတ်တယ်။ နောက်တယောက်က မျက်စိထိတယ်။ ၃ ဦး ပြင်းထန်တဲ့ ဒဏ်ရာဆိုတော့ ၆ ဦးပေါ့။ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ အတည်ပြုလို့ရတယ်။ ဒဏ်ရာရသူက အတော်များတယ်။ ဒီ ၆ ဦးက ပြင်းထန်တယ်” လို့ ပြောပါတယ်။

စစ်ကြောင်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ မတူပီမြို့ပေါ်ကို ပြန်လည်ဆုတ်ခွါသွားပြီး အင်အား ၁၀၀ လောက်ကတော့ ချန်းပြန်းကျေးရွာမှာ ကျန်ရှိနေခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရွာကို မီးရှို့ဖျက်ဆီးလို့ ၅၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်သားတွေ ကျန်နေပြီး CDF မတူပီနဲ့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အတွက် မတူပီ-မင်းတပ်လမ်းကို အသုံးပြုပြီး ခရီးထွက်တာ၊ တောထွက်တာနဲ့ ခြံသွားတာတွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013