DVB Logo
Home
မြန်မာသတင်း
“စစ်ခွေးထွက်ပြေး ၂၀၂၄ လှုပ်ရှားမှု” အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့တွင် ပြုလုပ် (ဓာတ်ပုံ)
DVB
·
February 4, 2024
“စစ်ခွေးထွက်ပြေး ၂၀၂၄ လှုပ်ရှားမှု” အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့တွင် ပြုလုပ် (ဓာတ်ပုံ)
1 / 9
Donate to DVB

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် “စစ်ခွေးထွက်ပြေး ၂၀၂၄ လှုပ်ရှားမှု” ကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ၊ သမ္မတ အိမ်ဖြူတော်ရှေ့မှာ အမေရိကန်ရောက် မြန်မာတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။

မနက်ပိုင်းမှာ ကျဆုံးပြည်သူတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲကို Calvary Burmese Church ဘုရားကျောင်းမှာ ကျင်းပခဲ့ပြီးနောက် မွန်းလွဲပိုင်းမှာ အိမ်ဖြူတော်ရှေ့ လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဆုတောင်းပွဲနဲ့ ဆန္ဒထုတ်ဖော်လှုပ်ရှားမှုမှာ အမေရိကန်ပြည်ထောင်စုက ဘာသာရေးခေါင်းဆောင် တချို့ ပူးပေါင်းပါဝင်လာပြီး အမေရိကန်နိုင်ငံရေးသမားတွေ မြန်မာ့အရေးကို စဉ်းစား အကူအညီပေးဖို့ American Baptist Churches USA အထွေထွေအတွင်းရေးမှူး Rev. Dr. A. Roy Medley က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ စစ်အာဏာသိမ်း ၃ နှစ်ကြာလာချိန်အထိ သက်ဝင်လှုပ်ရှားလာတာ မရှိသေးတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ပါ Burma Act နဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံရေးသမားတွေက အိမ်ဖြူတော်ရှေ့မှာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန် အောက်လွှတ်တော်က ၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပြီး စာမျက်နှာ ၂၅ မျက်နှာ ပါဝင်တဲ့ Burma Act တစ်ခုလုံးကိုလည်း ထည့်သွင်းခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်စိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ နှစ်အတွင်းမှာ ဘဏ္ဍာရေး ရန်ပုံငွေတွေကို ခွင့်ပြုပေးသွားဖို့ရှိနေပြီး တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေ အပါအဝင် အစီအစဉ် ၇ ခုကို ပေးအပ်သွားဖို့ဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အသက်မဝင်သေးတဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘဏ္ဏာရေးဆိုင်ရာဆုံးဖြတ်ချက်တွေ မချနိုင်သေးတာကြောင့် အခုလို ကြန့်ကြာနေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲကို နယူးယောက်၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်လ်ဗေးနီးယား၊ ဗာဂျီးနီးယား စတဲ့ ပြည်နယ်တွေက မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး ပြည်တွင်းက တော်လှန်ရေးဘက်တော်သားတွေကို တတ်စွမ်းသရွေ့ ဆက်ပြီး ထောက်ပို့နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013