DVB Logo
Home
နိုင်ငံတကာ
ပနားမားသမ္မတဟောင်း၏ အယူခံ ပယ်ချခံရ
DVB
·
February 3, 2024
ပနားမားသမ္မတဟောင်း၏ အယူခံ ပယ်ချခံရ
Donate to DVB

ပနားမားသမ္မတဟောင်း ရီကာဒို မာတီနယ်လီရဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ပယ်ဖျက်ပေးဖို့ အယူခံဝင်မှုကို ပနားမား ထိပ်တန်းတရားရုံးက ပယ်ချခဲ့ကြောင်း တရားရုံးတာဝန်ရှိသူ တဦးက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားခဲ့ပြီး လာမယ့် မေလရွေးကောက်ပွဲမှာ လက်ရှိသမ္မတလောင်းရဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှုအပေါ် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။ 

“ရီကာဒိုမာတီနယ်လီက သမ္မတနေရာ အရွေးခံမှာဆိုတော့ ဥပဒေအရ ရာဇ၀တ်မှုဟာ ရွေးကောက် ပွဲလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး”လို့ သမ္မတဟောင်း မာတီနယ်လီရဲ့ ရှေ့နေ ကားလော့စ် ကာရီလိုက ပြောပါတယ်။

စူပါမားကတ်ပိုင် သန်းကြွယ်သူဌေးကြီး မာတီနယ်လီဟာ ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ်အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့တာပါ။ 

မာတီနယ်လီဟာ ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုပြီးတော့ မီဒီယာ လုပ်ငန်းစုကြီးတခုကို ဝယ်ယူကာ သူ့ကို အစုရှယ်ယာအများစုကို ပေးအပ်ခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့"New Business" လို့ နာမည်ကြီးတဲ့ အမှုမှာ သူရဲ့ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍအတွက် ငွေကြေးခဝါချမှုနဲ့ မနှစ်က ထောင်ဒဏ် ၁၂၈ လ ချမှတ်ခံထားရပါတယ်။ 

ပနားမားသမ္မတဟောင်း ရီကာဒို မာတင်နယ်လီ ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။  

“သူ့ကို နိုင်ငံရေး အကျိုးစီးပွားအတွက် ပြစ်ဒဏ်ပေးချင်နေတာဖြစ်ပြီး သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အတွက် လှူဒါန်းခဲ့တဲ့ ငွေကြေးအားလုံးကို တရားဥပဒေကြောင်းအရ သက်သေပြခဲ့ကြောင်းနဲ့ တရားမ၀င် ရန်ပုံငွေတွေနဲ့ ပတ်သက်မှု မရှိဘူး”လို့ သူက ပြောပါတယ်။  

သူ့ကို သမ္မတ မဖြစ်စေရအောင် တားမြစ်ချင်နေတာဖြစ်ပြီး သူကတော့ ပနားမားသမ္မတ ဖြစ်မလာမချင်း ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ 

အာဏာပိုင်တွေဟာ သူ့ကို သမ္မတလောင်းအဖြစ် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိပေမယ့် ပနားမားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ပြစ်ဒဏ်စီရင်ခံရတဲ့ ဘယ်သူမဆိုကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားပါတယ်။ 

သမ္မတဟောင်းနဲ့ သူ့ရဲ့ရှေ့နေတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိပါဘူး။ 

၂၀၁၈ ခုနှစ်တုန်းက သမ္မတဟောင်းဟာ သူ အုပ်ချုပ်စဉ် ကာလအတွင်း နိုင်ငံရေး သူလျှိုလုပ်မှုနဲ့ ထောင်ဒဏ် တနှစ်လောက် ချမှတ်ခံခဲ့ရပြီး နောက်ဆုံးမှာ အဲဒီအမှုကနေ တရားသေ လွတ်မြောက်ခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013