DVB Logo
Home
မြန်မာသတင်း
စစ်လက်နက်အကြွင်းအကျန်များကို မကိုင်တွယ်ရန် ညီနောင် ၃ ဖွဲ့သတိပေး
DVB
·
February 3, 2024
စစ်လက်နက်အကြွင်းအကျန်များကို မကိုင်တွယ်ရန် ညီနောင် ၃ ဖွဲ့သတိပေး
Donate to DVB

စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းတွေနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေဟာ အချိန်မရွေး ပေါက်ကွဲစေတတ်တာကြောင့် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ကြီး ကျည်ဆန်တွေကို ကိုင်တွယ်တာ၊ ထုနှက်တာ၊ ဆော့ကစားတာတွေ မပြုလုပ်ကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ၁ လုံးကို အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၃ ယောက် ဆော့ကစားမိခဲ့ရာကနေ ပေါက်ကွဲလို့ ၃ ယောက်လုံး ပွဲချင်းပြီးသေဆုံးခဲ့ရပြီးနောက် မနေ့က သတိပေးချက်ထွက်လာတာပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ ဒေသအပြင် မြန်မာနိုင်ငံတဝန်း မိုင်းနင်းမှု၊ စစ်ကျန်လက်နက်ကြီးတွေ ပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူထိခိုက်ဒဏ်ရာရ သေဆုံးတာ မြင့်တက်နေပြီး ဒီအခြေအနေမှာ အရပ်သားပြည်သူတွေ သတိထားသွားလာကြဖို့နဲ့   မြို့ရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ် တိုက်ခိုက်နေတာကြောင့်လည်း လက်နက်ကြီးကျည်ဆံတချို့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတတ်တယ်လို့  ညီနောင် ၃ ဖွဲ့က သတိပေးထားပါတယ်။

စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမယ့် ဂျနီဗာကွန်ဗင်းရှင်းကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်လေ့ရှိတဲ့ စစ်ကောင်စီဟာ မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနဲ့ ထောင်မိုင်းတွေကို စစ်တပ်စခန်းအနီးတွေမှာတင်မဟုတ်ဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့၊ ရပ်ရွာတွေ၊ စာသင်ကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေရှိရာ နေရာတွေအပါအဝင် အများပြည်သူသွားလာရာ နေရာတွေမှာပါ  ထောင်တတ်ခဲ့တာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ပေါင်း များစွာကတည်းက ဖြစ်ကြောင်းပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013