DVB Logo
Home
နိုင်ငံတကာ
ဖင်လန်နိုင်ငံတဝန်းက အလုပ်သမားများ ဆန္ဒပြ
DVB
·
February 3, 2024
ဖင်လန်နိုင်ငံတဝန်းက အလုပ်သမားများ ဆန္ဒပြ
Donate to DVB

ဖင်လန်နိုင်ငံတဝန်းက အလုပ်သမား ၃ သိန်းနီးပါးဟာ လက်ယာယိမ်းအစိုးရက စီစဉ်ထားတဲ့ အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူမှုဖူလုံရေးစရိတ်တွေ ဖြတ်တောက်ဖို့ အဆိုပြုချက်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ၂ ရက်တာ သပိတ်မှောက်မှုကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ခဲ့ပါတယ်။

ဒီသပိတ်တွေဟာ ဖင်လန်နိုင်ငံရဲ့ လေကြောင်း အသွားအလာ အများအပြားကို ရပ်တန့်စေဖို့၊ ရေနံချက်စက်ရုံတွေမှ ထွက်ရှိမှုကို ထိခိုက်စေအောင်နဲ့ ဈေးဆိုင်တွေ၊ စက်ရုံတွေနဲ့ သူငယ်တန်းကျောင်းတွေကို ပိတ်သွားစေဖို့ မျှော်လင့်ထားကြောင်း ကုမ္ပဏီတွေနဲ့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။

လတ်တလောလတွေအတွင်းမှာပဲ ဗဟိုချုပ်ကိုင်မှု သဘောတူညီချက်တွေကို ကျော်လွန်တဲ့ ဒေသဆိုင်ရာ အလုပ်သဘောတူစာချုပ်တွေကို ဦးစားပေးဖို့၊ သပိတ်မှောက်ခွင့်ကို ကန့်သတ်ဖို့၊ လုပ်ငန်းခွင် သဘောတူစာချုပ်တွေကို လွယ်လွယ်ရပ်စဲနိုင်ဖို့နဲ့ အလုပ်လက်မဲ့ ခံစားခွင့်တွေကို ဖြတ်တောက်ဖို့ဆိုတဲ့ အစိုးရရဲ့ အစီအစဉ်တွေကို အလုပ်သမားသမဂ္ဂတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

သမဂ္ဂတွေကတော့ လိုအပ်လာရင် သပိတ်တိုက်ပွဲကို အကြာကြီး လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ မနှစ်က တက်လာခဲ့တဲ့ အစိုးရက အလျှော့မပေးဘူး ဆိုရင် နောက်ထပ်သပိတ်တွေ ဆက်လုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့ အစိုးရက ဒီလမ်းကြောင်းအတိုင်းပဲ ဆက်သွားနေခဲ့ပြီး ဖင်လန်နိုင်ငံဟာ ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနဲ့ ဘဏ္ဍာရေးလိုငွေကို ဖြတ်တောက်ပစ်ဖို့ လိုအပ်တယ်ဆိုပြီး ငြင်းခုံနေတာဖြစ်ပါတယ်။

အစိုးရနဲ့ အလုပ်ရှင်တွေဟာ အရင်ကလို အပြောင်းအလဲတွေကို ညှိနှိုင်းပေးရမယ့်အစား သူတို့ရဲ့ အစီအစဉ်တွေကို အတင်းအကျပ် တွန်းအားပေးနေလို့ စိတ်မကောင်းဖြစ်မိကြောင်း နော်ဒီယာဘဏ်မှ သမဂ္ဂကိုယ်စားလှယ် အသက် (၆၁) နှစ်ရှိ တားရ်ယာ ဖူရူလိုဟွန်က ပြောပါတယ်။

အလုပ်အကိုင်ရေးရာ၀န်ကြီး အာတိုဆာတိုနင်ကတော့ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်မှုတွေကို စိတ်မကောင်းစရာ မြင်တွေ့နေရပေမဲ့ အစိုးရရဲ့အစီအစဉ်တွေဟာ ဖင်လန်နိုင်ငံရဲ့ အနာဂတ် လူမှုဖူလုံရေးစနစ်အတွက် အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013