DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ကုန်စိမ်းရောင်းသည့် အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
February 2, 2024
ကလေးမြို့တွင် ကုန်စိမ်းရောင်းသည့် အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့သာရပ်ကွက်က ဒေသခံ အမျိုးသားတဦးကို စစ်ကောင်စီက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၃၀ ကျော်အရွယ် မြို့သာရပ်ကွက်က ကိုဦး ဆိုသူဖြစ်ပြီး သူဟာ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုဟ်ဘက်ကို ကားနဲ့ ကုန်စိမ်းရောင်းတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးမြို့ခံတဦးက “ စစ်သားတွေလာဖမ်းတဲ့အချိန် ကိုဦးက မရှိဘူး။ စစ်သားတွေက သူ့အိမ်ကို ဝိုင်းပြီး အိမ်မှာရှိတဲ့ မိသားစုတွေဆီက ဖုန်းသိမ်းထားတာ။ ကိုဦး မပြန်မချင်း အိမ်မှာစောင့်နေတာ။ ညနေ‌ ကိုဦး ဈေးရောင်းပြန် အိမ်ရောက်မှ ကိုဦးကို ဖမ်းသွားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ကိုဦးကို ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းက စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကလေးမြို့ မီးခွက်ဈေးက ဈေးသည်အမျိုးသမီးတဦးက “ကိုဦး ဖမ်းခံရတယ်လို့‌တော့ ကြားတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာ‌တော့ သေချာမသိဘူး။ သူက ကုန်စိမ်းရောင်းတာ။ မီးခွက်ဈေးကနေ ကုန်စိမ်းယူပြီး လက်ပံချောင်း၊ ရာဇဂြိုဟ်ဘက် လှည့်ရောင်းတာ။ သူက အရမ်းရောင်းရတာ။ ဈေးထဲမှာ ဖောက်သည်တွေဆီက သူက အများဆုံးယူတာ” လို့ ပြောပါတယ်။

ကုန်စိမ်းရောင်းတဲ့ ကိုဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို မိသားစုဝင်တွေကလည်း ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာ သေချာမသိကြဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စာရင်းအရ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်‌နှောင်ခံရသူ ၂၅,၉၄၀ ဦးအနက် ထောင်ဒဏ်ချမှတ်ခံထားရသူ ၈,၆၇၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013