DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်တိုက်ခိုက်ရေးသမား ၄ လအတွင်း  ၁၀,၀၀၀ သေဆုံးဟု အစ္စရေးပြော
DVB
·
February 2, 2024
ဟားမတ်စ်တိုက်ခိုက်ရေးသမား ၄ လအတွင်း  ၁၀,၀၀၀ သေဆုံးဟု အစ္စရေးပြော
Donate to DVB

အစ္စရေးတပ်ဖွဲ့တွေဟာ ၄ လနီးပါး ကြာလာပြီဖြစ်တဲ့ စစ်ပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ ဂါဇာတောင်ပိုင်း ခန်ယိုးနစ်စ်ရှိ ဟားမတ်စ်တပ်ဖွဲ့ကို ဖြိုခွင်းခဲ့ရာမှာ ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ၁၀,၀၀၀ သေဆုံးပြီး ဒဏ်ရာရသူ အရေအတွက်လည်း တူညီသလောက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

“ခန်ယိုးနစ်စ် ဧရိယာမှာ စစ်ဆင်ရေးက တိုးတက်နေပြီး အထင်ကြီးလောက်စရာ ရလဒ်တွေ ထွက်လာကြောင်းနဲ့ ခန်ယိုးနစ်စ်မှာ မစ်ရှင်တွေ အောင်မြင်နေပြီး ရာဖာကို ရောက်လာရင်လည်း ကျနော်တို့ကို ခြိမ်းခြောက်နေတဲ့ ကြောက်စရာကိစ္စတွေကို ဖယ်ရှားပစ်လိုက်မယ်” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂါလန့်ထ်က ပြောပါတယ်။

ဒီစစ်ပွဲကို မရပ်တန့်ဘဲ ဆက်တိုက်ခိုက်နေရတာဟာ အမျိုးသားရေး ကြံ့ကြံ့ခံနိုင်မှုနဲ့ သန္နိဋ္ဌာန်ခိုင်မာဖို့ လိုအပ်ပြီး  မစ်ရှင်ပြီးမြောက်သွားချိန်အထိ ဇွဲရှိနေရမှာဖြစ်တယ်လို့ ဂါလန့်ထ်က ဆိုပါတယ်။

“သူတို့မှာ လက်နက်မရှိ၊ ခဲယမ်းမီးကျောက်မရှိ။ သေသွားတဲ့ ဂါဇာဖိုက်တာ ၁၀,၀၀၀ နဲ့ နောက်ထပ် ဒဏ်ရာရပြီး တာဝန်မထမ်းနိုင်ကြတဲ့ အကြမ်းဖက်သမား ၁၀,၀၀၀ လောက် ရှိနေကြောင်းနဲ့ ဒါဟာ သူတို့ရဲ့စွမ်းရည်တွေကို ပျက်ပြားသွားစေအောင် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ကြောင်း။”

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ အောက်တိုဘာ ၇ ရက်က နယ်စပ်ကိုဖြတ်ကျော်ပြီး အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လူပေါင်း ၁,၂၀၀ ကျော် သေဆုံးပြီး ဓားစာခံ ၂၄၀ ကို ဖမ်းဆီးသွားချိန်ကတည်းက စစ်ပွဲ စတင်ခဲ့တာပါ။

အဲဒီရက်မှာပဲ အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို ချေမှုန်းရေး စတင်ခဲ့ပြီး အခုထိ လူပေါင်း ၂၇,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အုပ်စုဘက်မှ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013