DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ် ကိုင်းတောမကျေးရွာရဲစခန်းကို ၃ ရက်ဆက် တိုက်ခိုက်
DVB
·
February 1, 2024
မြိုင်မြို့နယ် ကိုင်းတောမကျေးရွာရဲစခန်းကို ၃ ရက်ဆက် တိုက်ခိုက်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၃၀ ရက်က စတင်ကာ ဖေဖော်ဝါရီ ၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People's Defense Force အဖွဲ့ကနေ သိရပါတယ်။

စစ်တပ်အာဏာသိမ်းတာ ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းကို အနီးကပ် လက်နက်ငယ်နဲ့ အပြန်အလှန် ၄၅ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ Earthquake People's Defense Force အဖွဲ့ သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိန်က ဆိုပါတယ်။

“အရင် ရှေ့နှစ်ရက်က လက်နက်ကြီးပစ်တာ၊ ဒီနေ့မနက် ၆ နာရီကနေ ၇ နာရီအထိ ကိုင်းတောမရဲစခန်းရဲ့ အရှေ့တောင်ဘက်က ဘန်ကာအထိ အနီးကပ်သွားပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ သူတို့ဘက်က ရဲတကောင်ကျတယ်၊ ဘန်ကာထဲမဟုတ်ဘူး၊ ကတုတ်ကျင်းဘက်က တက်လာတဲ့ ရဲကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာ၊ လဲကျသွားတယ်။”

​ကိုင်းတောမရဲစခန်းက ရဲတယောက် လဲကျသွားပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့သလို စစ်တပ်ဘက်ကလည်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းထဲကနေ ထွက်လာတာ မရှိဘူးလို့ သိရပါတယ်။

မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ညနေ ၄ နာရီကနေ ည ၈ နာရီအထိ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ကျေးရွာတွေဘက်ကို ပြန်ပစ်ခတ်ခဲ့ပေမဲ့ ပြ​ည်သူထိခိုက်မှု မရှိခဲ့ဘူးလို့ Earthquake People's Defense Force အဖွဲ့ သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ဆိုပါတယ်။

ကိုင်းတောမရဲစခန်းကို ဇန်နဝါရီ ၃၁ ရက် မနက် ၆ နာရီကနေ ၈ နာရီအထိ လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုင်းတောမရဲစခန်းက နှစ်ရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုမှာ စခန်းတွင်း ထိခိုက်ခဲ့ပေမဲ့ လူအထိအခိုက် အတိအကျ အတည်မပြုနိုင်သေးပါဘူး။

သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပိန်က“ဒီ အခု သုံးရက်ဆက်တိုက် မစ်ရှင်က စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ဦးတည်တယ်။ အာဏာသိမ်းတာ ၃ နှစ်ပြည့်အနေနဲ့​ ခွေးမောင်းပွဲအဖြစ် မဟာမိတ်ညီနောင်တွေနဲ့ ပူးတွဲဖော်ဆောင်ခဲ့တာပေါ့။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့အနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ ညီနောင်တွေနဲ့ အကောင်းဆုံးတိုင်ပင်ပြီး လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Pakokku People's Defence Force (PPDF)၊ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၄ စကြာတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂ နဲ့  Earthquake People's Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013