DVB Logo
Home
မြန်မာသတင်း
ကော့သောင်း သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နှင့်ဖခင်ဖြစ်သူတို့ ပစ်သတ်ခံရ
DVB
·
February 1, 2024
ကော့သောင်း သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နှင့်ဖခင်ဖြစ်သူတို့ ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မာရမ်းကျေးရွာ ကားလမ်းပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီခွဲက မြို့နယ်သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နဲ့ဖခင်ဖြစ်သူ စီးလာတဲ့ အိမ်စီးကား ပစ်ခတ်ခံရပြီး နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက် ၁၀ နာရီက ကော့သောင်းမြို့ သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်တဦးဟာ ဖခင်ဖြစ်သူကို ခမောက်ကြီးမြို့ မာရမ်းကျေးရွာရှိ နေအိမ်ကိုလိုက်ပို့ရာမှ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

"မာရမ်းရွာကားလမ်းဘေးမှာ ပစ်ခံရတာ၊ နှစ်ဦးစလုံးပွဲချင်းပြီးပဲ။ လမ်းသွားလမ်းလာတွေ ဖုန်းဆက်မှ လူနာတင်ယာဥ်နဲ့ အုပ်ချုပ်ရေးနဲ့ရဲတွေက ရောက်လာတာ။" 

သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ သတင်းတပ်ဖွဲ့ (SB) မှ တပ်ကြပ်နေစိုးဦး နဲ့ ဖခင်ဖြစ်သူ ဦးစိုးတင့်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ခမောက်ကြီးမြို့ မာရမ်းကျေးရွာမှာ အသွင်ယူလှုပ်ရှားနေသူတဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဆိတ်ဖူးကျေးရွာကနေ မာရမ်းကျေးရွာကို ပြန်တဲ့အချိန် လမ်းမှာပစ်ခံရတာ။ Dead Body တွေကို ဆေးရုံပို့ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်။" 

ကော့သောင်း မြို့နယ်သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နဲ့ဖခင်ဖြစ်သူတို့အား ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကော့သောင်းမြို့မှာ အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ တော်လှန်ကြပြီး သုံးနှစ်တာကာလအတွင်း နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013