DVB Logo
Home
နိုင်ငံတကာ
ပန်ဆယ်လ်ဗေးနီးယားတွင် အမျိုးသား ၁ ဦးက ဖခင်ကို ခေါင်းဖြတ်သတ်
DVB
·
February 1, 2024
ပန်ဆယ်လ်ဗေးနီးယားတွင် အမျိုးသား ၁ ဦးက ဖခင်ကို ခေါင်းဖြတ်သတ်
Donate to DVB

အမေရိကန်နိုင်ငံ၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် မစ်ဒယ်လ်တောင်းန်မြို့က ဂျပ်စ်တင်မွန်းန် ဆိုသူ အမျိုးသားတယောက်ဟာ သူ့ဖခင်ကို ခေါင်းဖြတ်သတ်ပြီး ယူကျုမှာ ဗီဒီယိုတင်ခဲ့တာကြောင့် ဘပ်က်စ်ကောင်တီတရားရုံး တရားသူကြီးက သူ့ကို ပထမအဆင့် လူသတ်မှု၊ အလောင်းကို အလွဲသုံးစားပြုမှု၊ မှုခင်းလက်နက် လက်ဝယ်ထားရှိမှုတို့နဲ့ ဇန်နဝါရီ ၃၁ ရက်မှာ တရားစွဲဆိုထားကြောင်း ခရိုင်ရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

အသက် ၃၂ နှစ်ရှိ ဂျပ်စ်တင်မွန်းန်ကို ဘပ်က်စ်ကောင်တီ တရားရုံးမှာပဲ ချုပ်နှောင်ထားပါတယ်။ ဂျပ်စ်တင်မွန်းန်ဟာ သူ့ဖခင်ကို သတ်ဖြတ်ပြီးတော့ ခေါင်းပြတ်ကြီးကို ယူကျု ဗီဒီယိုတခုမှာ ပြသခဲ့ပြီးနောက်မှာ အဖမ်းခံခဲ့ရကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေတဦးက ပြောပါတယ်။

ကြည့်ရှုသူ ၅,၀၀၀ ကျော် ရရှိပြီးနောက်မှာ ဒီကြောက်လန့် ရင်ထိတ်စရာ ဗီဒီယိုကို ဖယ်ရှားလိုက်ကြောင်း CNN သတင်းတွေအရ သိရပါတယ်။

ဗီဒီယိုအတွင်းမှာ ဂျပ်စ်တင်မွန်းန်က သူဟာ ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖက်ဒရယ်အစိုးရအတွက် လုပ်ဆောင်ခဲ့တဲ့ သူ့ဖခင်ကို သစ္စာဖောက်အဖြစ် ရှုတ်ချခဲ့ကြောင်း NBC သတင်းမှာ ဖော်ပြထားပါတယ်။

မိသားစုနေအိမ်မှာ ဂျပ်စ်တင်မွန်းန်ရဲ့ဖခင် ခေါင်းဖြတ်ခံထားရတာကို ရဲတွေ တွေ့ရှိပြီးနောက်မှာ ဖမ်းဆီးခဲ့တာပါ။

ဂျပ်စ်တင်မွန်းန်ဟာ အာမခံ ငြင်းပယ်ခံရပြီး ဘပ်က်စ်ကောင်တီ တရားရုံးရဲ့ အမိန့်အရ ဆက်လက်ထိန်းသိမ်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013