DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင်၌ မီးလောင်၊ နေအိမ် ၁၈ လုံး ပျက်စီးဆုံးရှုံး
DVB
·
January 31, 2024
ကြည့်မြင်တိုင်၌ မီးလောင်၊ နေအိမ် ၁၈ လုံး ပျက်စီးဆုံးရှုံး
Donate to DVB

ရန်ကုန်တိုင်း၊ ကြည်မြင်တိုင်မြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက်ပိုင်းအစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ အနာဂတ် အလင်းတန်း ပရဟိတအသင်းထံက သိရပါတယ်။

ကြည့်မြင်တိုင်တဖက်ကမ်း စက်ဆန်းကျေးရွာမှာ ဒီနေ့ မနက် ၆ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး နဝေးဒေးလမ်းနဲ့ မင်းမဟော်လမ်းတို့ရှိ နေအိမ် ၁၈လုံး မီးလောင်ခဲ့ပါတယ်။

အနာဂါတ်အလင်းတန်း ပရဟိတအသင်းတာဝန်ရှိသူ တဦးက "မီးစတင်လောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး သေချာမသိသေးဘူး။ မီးလောင်မှုမှာတော့ လူထိခိုက်တာတွေ မရှိဘူး။ မီးသတ်တပ်ဖွဲ့တွေကော ပရဟိတသမားတွေလည်း ထိခိုက်မှု မရှိဘူး။ ၆ နာရီခွဲလောက်မှာ မီးသတ်တပ်ဖွဲ့က မီးအငြှိမ်းပြပေမဲ့  ဆင်းရဲသားရပ်ကွက်ဆိုတော့ လောင်တဲ့အိမ်တွေက ကပ်နေတော့ မီးကျွမ်းမီးကျန်တွေကို ဆက်ငြှိမ်းရတာ ၂ နာရီလောက်ကြာတယ်။ ပွင့်လင်းရာသီ ရောက်လာပြီးဆိုတော့ မီးဘေးအန္တရာယ်ကို ဂရုစိုက်ကျပါ" လို့ပြောပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်တဲ့အကြောင်းအရင်း နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပေ။

မီးလောင်ကျွမ်းမှုကို စက်ဆန်း‌နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အနာဂါတ်အလင်းတန်းပရဟိတအသင်းနဲ့ ရပ်ကွက်နေပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်၊ ကောလိယ ၂၁ လမ်းတွင် ဇန်နဝါရီ ၂၈ ရက်က မီးပလပ်ခုံတွင် ဖုန်းအားသွင်းထားရာက အပူလွန်ကဲပြီး နေအိမ် ၈ လုံး မီးလောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013