DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီ သာမန်မဟုတ်သည့်အခြေအနေအောက်မှ သက်တမ်းထပ်တိုးနိုင်ဟု သုံးသပ်
DVB
·
January 31, 2024
အာဏာသိမ်းစစ်ကောင်စီ သာမန်မဟုတ်သည့်အခြေအနေအောက်မှ သက်တမ်းထပ်တိုးနိုင်ဟု သုံးသပ်
Donate to DVB

အာဏာသိမ်းစစ်တပ်အနေနဲ့ သာမန်မဟုတ်တဲ့အခြေအနေအောက်ကနေ အာဏာသိမ်းကာလက သက်တမ်းထပ်တိုးတဲ့ နည်းလမ်းကနေ တခြားရွေးစရာ နည်းလမ်းမရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ်အနိုင်ရသွားပြီးနောက် စစ်တပ်က မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင်အစိုးရတာဝန်ရှိသူတွေနဲ့  အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေကို အဓမ္မဖမ်းဆီး နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာ အခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ၃ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာယူတယ်လို့ စစ်တပ်က ကြေညာခဲ့ပေမဲ့ အဲဒီဖွဲ့စည်းပုံပါ သတ်မှတ်ချက်တွေကို လိုသလိုအဓိပ္ပါယ်ဖွင့်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ သက်တမ်းတိုးယူခဲ့တာဖြစ်ပါတယ်။

အခုတကြိမ်မှာလည်း သာမန်အခြေအနေမဟုတ်ဘူးဆိုပြီး အကြောင်းပြကာ သက်တမ်းကုန်မယ့် ဇန်ဝါရီ ၃၁ ရက်မှာ  စစ်တပ်က ကာလုံခေါ်ပြီး အာဏာသိမ်းသက်တမ်းကို ထပ်တိုးမယ့် သဘောရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

လက်ရှိ တိုင်းပြည်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေအရ စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေရဆဲအချိန်ဖြစ်တာကြောင့် သာမန်အခြေအနေမှာရှိမနေဘူးဆိုတာကို အကြောင်းပြပြီး အာဏာသိမ်းကာလကို ထပ်တိုးပြီး ယူဦးသဘောရှိနေတယ်လို့   ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်တယ်ဆိုရင် အာဏာသိမ်းကာလကို ၂ နှစ်ထက်ပိုမယူသင့်သလို သာမန်မဟုတ်တဲ့ အခြေအနေအောက်ကနေလည်း သက်တမ်းတိုးယူတာတွေကို ခဏခဏ မလုပ်ဆောင်သင့်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သုံးသပ်ပါတယ်။

အခုလို အာဏာသိမ်းကာလကို ကြာကြာဆက်ယူထားတာဟာ လက်ရှိဖြစ်နေတဲ့န နိုင်ငံရေးအကျပ်အတည်းကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပမယ့် ရက်ကို အတိအကျကြေညာပြီး အစိုးရအသစ်တခုနဲ့ အစားထိုးဆောင်ရွက်တာက အကောင်းဆုံးထွက်ပေါက်ဖြစ်တယ်လို့ လည်းဆိုပါတယ်။

လက်ရှိမှာ းစစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းချုပ်နိုင်အောင် ကြိုးစားနေရတဲ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ နဲ့ဖြစ်ခဲ့တဲ့စစ်ပွဲတွေရဲ့ ရှုံးနိမ့်မှုတွေ ကြောင့် စစ်တပ်အတွင်းပြိုကွဲမှုတွေ ဖြစ်မလာအောင်ပါ ထိန်းသိမ်းလုပ်ဆောင်နေရတဲ့ အခက်ခဲတွေအောက်မှာ ရွေးကောက်ပွဲကလည်း ကျင်းပပေးနိုင်မှာမဟုတ်သေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ သာမန်အားဖြစ် ၆ လ သက်တမ်း ၂ ကြိမ်သာ တိုးခွင့်ရှိသလို သာမန်မဟုတ်တဲ့အခြေနေမှာဆိုရင် သက်တမ်းကို အကြိမ်ကြိမ်းတိုးခွင့်ရနေတဲ့အတွက် သက်တမ်းထပ်တိုးယူသွားအုံးမ ယ့်အခြေနေရှိနေတယ်လို့ဆိုပါ တယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ အဖွဲ့ဝင် အပြောင်းအလဲတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီးအပြောင်းအလဲတွေကို လုပ်ဆောင်ထားတာကြောင့် အာဏာသိမ်းသက်တမ်းကို ထပ်တိုးယူမယ့် သဘောဖြစ်နိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံပါတီ ဥက္ကဋ္ဌ ကပြောပါတယ်။

ပြီးခဲ့တဲ့တကြိမ် စစ်တပ်ကအာဏာသိမ်းကာလ သက်တမ်းတိုးဖို့ဆုံးဖြတ်ခဲ့တဲ့ ကာလုံ အစည်းအဝေးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခန့်အပ်ခဲ့တဲ့ ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့  တက်ရောက်ခဲ့ပါတယ်။ 

အောင်သူ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013