DVB Logo
Home
မြန်မာသတင်း
ကျောက်တော် ခမရ ၃၇၄ ကို အေအေ သိမ်းပိုက်
DVB
·
January 31, 2024
ကျောက်တော် ခမရ ၃၇၄ ကို အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ စကခ ၉ လက်အောက်ခံ ခမရ ၃၇၄ တပ်ရင်းကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ “သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ၏ ဒေသအခြေစိုက် တပ်ရင်းတွေထဲက စကခ ၉ လက်အောက်ခံ ခမရ ၃၇၄ တပ်ရင်းတခုလုံးကို ရက္ခိုင့်တပ်တော်ဘက်မှနေ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်း တနေ့လုံး ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားမှ အပြီးသတ် သိမ်းပိုက်ယူနိုင်ခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တွေမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေကိုလည်း တခုမှမကျန်အောင် သိမ်းပိုက်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲတွေဟာ ရမ်းဗြဲမြို့၊ မင်းပြားမြို့နဲ့ မြောက်ဦးမြို့တွေမှာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော်ဘက်က မင်းပြားမြို့နယ်မှာရှိတဲ့ ခမရ ၃၈၀ တပ်ရင်းတခုလုံးကို ဇန်နဝါရီ ၂၈ ရက်က အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။

စစ်ကောင်စီဘက်က အင်အားများစွာဖြည့်တင်းပြီး လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ရမ်းဗြဲမြို့ထဲကို ပစ်ခတ် ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လေကြောင်းမှ လက်နက်ခဲယမ်းတွေ ချပေးတာကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းဆည်းရရှိပြီးတော့ ရမ်းဗြဲမြို့ထဲမှာ နောက်ရက်တွေ တိုက်ပွဲ ပိုပြင်းထန်လာနိုင်မယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကတည်းကနေ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်တာတွေအပြင် သမိုင်းဆိုင်ရာ အဆောက်အဦတွေနဲ့ ပြည်သူပိုင် နေအိမ်၊ ဈေးတွေကို ပစ်ခတ် ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ စစ်ကောင်စီက မတရား ဖမ်းဆီးတာ၊ ‌ငွေညှစ်တာတွေ ပြုလုပ်နေတဲ့အပြင် ကုန်စည်စီးဆင်းခွင်၊ ခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအားလုံးကိုလည်း ပိတ်ပင်ထားပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခု၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခု၊ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ရခိုင်ပြည်စစ်ပွဲအတွင်းမှာ စစ်ကောင်စီဖက်မှနေ ဖမ်းဆီးသူဦးရေ ၂၇၇ ယောက်၊ ဒဏ်ရာရသူဦးရေ ၂၆၀ ယောက်နဲ့ သေဆုံးသူဦးရေ ၈၁ ယောက်အထိ ရှိပြီလို့ ဖော်ပြထားပါတယ်။ 

HDCO ရဲ့ ထုတ်ပြန်ချက်ဟာ ဇန်နဝါရီ ၁၃ ရက်နေ့အထိကို အခြေခံထားတာဖြစ်လို့ ဖမ်းဆီးခံရသူ၊ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ဒီထက်ပိုများလာနိုင်တယ်လို့ ရခိုင်ဒေသတွင်း နိုင်ငံ‌ရေးသုံးသပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013