DVB Logo
Home
မြန်မာသတင်း
လားရှိုး စစ်ဘေးရှောင်စခန်းများရုပ်သိမ်း၊ စစ်ရှောင်များနေရပ်ပြန်
DVB
·
January 30, 2024
လားရှိုး စစ်ဘေးရှောင်စခန်းများရုပ်သိမ်း၊ စစ်ရှောင်များနေရပ်ပြန်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ဘေးရှောင်စခန်းတွေ ရုပ်သိမ်းပြီး စစ်ရှောင်တွေ နေရပ်သွားပြီလို့ လားရှိုးမြို့အခြေစိုက် ကမ္ဘောဇ နာရေး၊လူမှုကူညီရေး နဲ့ ဆန်အလှူအသင်းက ပြောပါတယ်။

လာရှိုးမြို့အနီးကျေးရွာတွေ နဲ့ ရပ်ကွက်တွေမှာရှိတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈ ရက်ကတည်းက စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် လာရှိးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရပါတယ်။

လာရှိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၅ ခု နဲ့ မြို့ပြင်ရှိ စစ်ဘေးရှောင်စခန်း ၁ ခုတို့မှ စစ်ဘေးရှောင် ၃၀၀၀ ကျော်ဟာ တိုက်ပွဲတွေ မရှိတော့တာကြောင့် ဇန်နဝါရီ ၂၃ ရက်ကစပြီး နေရပ်ကိုပြန်နေတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေ ရုပ်သိမ်းခဲ့တာလို့ ကမ္ဘောဇ နာရေး၊ လူမှုကူညီရေး နဲ့ ဆန်အလှူအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ပွဲတွေ လောလောဆယ်မရှိတဲ့အတွက် စစ်ဘေးရှောင်ဒေသခံတွေက နေရပ်ပြန်သွာပြီး။ မြို့ပြင်မှာတော့ နည်းနည်းပါးပါးတော့ကျန်သေးတယ်။ မြို့တွင်း၊ မြို့ပြင် စစ်ဘေးရှောင်စခန်း ၆ ခုက စစ်ဘေးရှောင် ခန့်မှန်း ၃ ထောင်ကျော် သူတို့ရဲ့နေရပ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းတွေလည်း ဖြုတ်သိမ်းလိုက်ပြီ။ အခု လားရှိုးမှာ စစ်ဘေးရှောင်ဆိုလို့ မြို့ပြင်ဘုန်းကြီးကျောင်းမှာနေနေတဲ့ ၁၀၀ လောက်ပဲ ကျန်တော့တယ်။" 

စစ်ကောင်စီက လားရှိုးမြို့ကို ည ၆ နာရီ မှ မနက် ၆ နာရီ ညမထွက်အမိန့်ထုတ်ထားပြီး မြို့တွင်းမှာလည်း အစစ်အဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီပထမပတ်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က လောင်‌ကိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လာရှိုးမြို့ကို ဆက်လက်သိမ်းပိုက်ခံရမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေ လားရှိုး-မိုင်းရယ်လမ်းမှတဆင့်  ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013