DVB Logo
Home
မြန်မာသတင်း
ရွာလုံးကျွတ်မီးရှို့ခံလိုက်ရသည့် စမ်းမြို့ရွာက စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
DVB
·
January 30, 2024
ရွာလုံးကျွတ်မီးရှို့ခံလိုက်ရသည့် စမ်းမြို့ရွာက စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
Donate to DVB

ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ရွာက ဒေသခံတွေဟာ အခုချိန်ထိ မိမိတို့နေရပ်ကို မပြန်ရဲကြသေးဘဲ နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အိမ်ခြေ ၂၀၂ အိမ်ရှိတဲ့ စမ်းမြို့ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်ကာ ကျေးရွာတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို ၅ ကြိမ်တိုင်တိုင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ‌ဒေသခံတွေဟာ တောတောင်တွေထဲမှာ တိမ်း‌ရှောင်နေကြရတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ခက်ခဲနေပြီး အလှူရှင်တွေအနေနဲ့ တတ်နိုင်သ‌လောက် ကူညီပေးစေချင်တယ်လို့ အသက် ၂၉ အရွယ် စမ်းမြို့ရွာကစစ်ဘေးရှောင်အမျိုးသမီး မထက်ထက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ဘေးရှောင်တွေကိုတော့ လက်နက်ကြီးအန္တရာယ်နဲ့ ဝေးမဲ့နေရာမျိုးမှာ စနစ်တကျထားရှိကာ အင်တာနက်ပေါ်ကနေ အလှူရှင်တွေရှာပြီး စစ်ဘေးရှောင်တွေနဲ့ ကျောင်းတက်နေတဲ့ကလေးအတွက် တတ်နိုင်သလောက် ကူညီပေးထားတယ်လို့ စမ်းမြို့ရွာက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုထွန်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ စမ်းမြို့ရွာ စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ပြီး သက်ကြီးရွယ်အိုတွေ၊ မသန်မစွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာ၊ အမိုးကာနဲ့ဆေးဝါးတွေလိုအပ်နေပြီး အလှူရှင်တွေရှိပေမဲ့  စစ်ဘေးရှောင်ဦးရေများတာကြောင့် မလုံလောက်ဘူးလို့ စမ်းမြို့ရွာက စစ်ဘေးရှောင် မမိုးက ပြောပါတယ်။

၁၀၂၇ စစ်‌ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင်ဦးရေဟာလည်း တိုးလာနေပါတယ်။

၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ်ကုန်အထိ စစ်ကောင်စီက မြန်မာနိုင်ငံတဝန်းက နေအိမ် ၈ သောင်းနီးပါး (၇၈၇၃၇) ကို မီးရှို့ဖျက်ဆီးထားတယ်လို့ Datat For Myanmar ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013