DVB Logo
Home
မြန်မာသတင်း
မင်းပြားရှိ စစ်ကောင်စီတပ်ရင်း ခမရ ၃၈၀ ကို အေအေ သိမ်းပိုက်
DVB
·
January 30, 2024
မင်းပြားရှိ စစ်ကောင်စီတပ်ရင်း ခမရ ၃၈၀ ကို အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၃၈၀ ကို ရက္ခိုင့်တပ်တော် (အေအေ) က ဇန်နဝါရီ ၂၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာ “ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ ‘ခမရ ၃၈၀ တပ်ရင်း’ ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်” လို့ ဖော်ပြထားပါတယ်။

ခမရ ၃၈၀ တပ်ရင်း သိမ်းပိုက်မခံရရေးအတွက် စစ်ကောင်စီဘက်ကနေ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ကာကွယ်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော်ဘက်က ခမရ ၃၈၀ အပြင် မင်းပြားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တခြားတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၇၉ နဲ့ ခမရ ၅၄၁ တို့ကို သိမ်းပိုက်ရရှိဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ခမရ ၃၈၀ တပ်ရင်းကို လက်လွှတ်ဆုံးရှုံးသွားတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မင်းပြားမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတာတွေကို ပြုလုပ်နေတဲ့အပြင် မင်းပြားမြို့နယ်က ကျားရဲပြင်၊ ငစရင့်ချောင်း ကျေးရွာတွေကိုလည်း ပစ်ခတ်နေတယ်လို့ မင်းပြားမြို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နှစ်ဖက်တိုက်ပွဲတွေကြောင့် မင်းပြားမြို့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စားရေးသောက်ရေးနဲ့ တခြားအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကနေ မင်းပြားမြို့နယ်တခုလုံးကိုပါ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေ သတင်းအချက်အလက် သိခွင့်နဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းတွေ လုပ်ကိုင်လို့မရဘူးလို့ သိရပါတယ်။

မနှစ် နိုဝင်ဘာ ၁၄ ရက်ကတည်းက စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အနှံ့မှာ စစ်ဘေးရှောင်ဦးရေတွေ တိုးပွားလာသလို စစ်ဘေးရှောင်တွေအတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။

စစ်ကောင်စီဘက်က ရခိုင်ဒေသတွင်း ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013