DVB Logo
Home
မြန်မာသတင်း
လှည်းကူးရေးဘေးသင့် အိမ်ထောင်စု ၃၀၀ ကျော်ကို ကျပ် သိန်း ၇၀၀ ကျော်ထောက်ပံ့
DVB
·
January 29, 2024
လှည်းကူးရေးဘေးသင့် အိမ်ထောင်စု ၃၀၀ ကျော်ကို ကျပ် သိန်း ၇၀၀ ကျော်ထောက်ပံ့
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာတုန်းရေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၃၀၂ အိမ်ကို ဇန်နဝါရီ ၂၆ ရက်နေ့က တအိမ်ထောင်ကို ကျပ် ၂ သိန်းခွဲနှုန်းနဲ့ ကျပ်သိန်း ၇၅၅ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လှည်းကူးမြို့နယ်မှာ မနှစ်အောက်တိုဘာတုန်းက မိုးသည်းထန်စွာရွာသွန်းတာနဲ့ ငမိုးရိပ်ချောင်းရေ လျှံတာကြောင့် ကျေးရွာ ၃၀ ကျော်မှာရှိတဲ့ အိမ်ထောင်စု ၇၀၀၀ ကျော် ရေးဘေးသင့်ခဲ့ပြီး အဲ့ဒီထဲက မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ သတ်မှတ်ချက် ၅ ချက်နဲ့ ကိုက်ညီတဲ့ အိမ်ထောင်စု ၃၀၂ အိမ်ကို တအိမ်ထောင်လျှင် ကျပ် ၂ သိန်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

ရေဘေးသင့်တဲ့ အိမ်ထောင်စုထဲက မြန်မာနိုင်ငံကြက်ခြေနီအသင်း သတ်မှတ်ချက် ၅ ချက်ဖြစ်တဲ့ အသက် ၈၅ နှစ်အထက် ထောက်ပံ့မှုမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ရေကြီးတဲ့အချိန်က ၃ လအောက်ကလေးရှိတဲ့သူ၊ ကိုယ်ဝန်ဆောင်ရှိတဲ့‌ အိမ်ထောင်စု‌တွေ၊ မသန်စွမ်းရှိတဲ့ အိမ်ထောင်စုတွေ နဲ့ သားသမီးအများကြီးတဲ့ မုဆိုးမ စတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို ထောက်ပံ့ကြေး ပေးခဲ့ပါတယ်။

လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးက “မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတ်မှတ်ချက်တွေနဲ့ ပေးတာပါ။ ပထမဆုံး ထွေအုပ်ကို အကြောင်းကြားတယ်။ သူတို့က ရေဘေးသင့်တဲ့ရွာတွေရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပေးတယ်။ ထောက်ပံ့မှုပေးဖို့အတွက် ရေဘေးသင့်တဲ့သူတွေထဲ ဘယ်လိုအချက်တွေရှိတဲ့သူတွေ စာရင်းကောက်ဖို့ သင်တန်းသဘောမျိုး ပေးတယ်။ သူတို့ဆီက တက်လာစာရင်းတွေကို တကယ်ဟုတ်၊ မဟုတ် တလလောက် ကွင်းဆင်းစစ်ဆေးပြီး အိမ်ထောင်စု ၃၀၆ အိမ်ရတယ်။ အဲ့ဒီအိမ်ထောင်စု ၃၀၆ ခုကို ၂၆ ရက်နေ့က တအိမ်ထောင်ကို ၂ သိန်းခွဲနှုန်းနဲ့ပေးတာ ဘယ်လိုဖြစ်လို့လဲတော့မသိဘူး ၃၀၂ အိမ်ထောင်စုပဲ လာယူပါတယ်” လို့ ပြောပါတယ်။

လှည်းကူးမြို့နယ်ရှိ ရေးဘေးသင့်အိမ်ထောင်စု ၃၀၂ အိမ်ထောင်စုကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဆွီဒင်နိုင်ငံ ကြက်ခြေနီအသင်း နဲ့ မြန်မာနိုင်ငံကြက်ခြေအနီအသင်းတို့က ပူးပေါင်းပြီး ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

လှည်းကူမြို့နယ်အတွင်း ထောက်ပံ့ပေးခဲ့တဲ့ အိမ်ထောင်စုတွေကတော့ အောင်မင်္ဂလာရပ်ကွက်က အိမ်ထောင်စု ၇၆ စု၊ သာသနာ့ရိပ်သာရပ်ကွက်က ၅၁ စု၊ မြို့မရပ်ကွက်က ၄၀ စု၊ ကဒစ်ကျေးရွာက ၉၇ စု၊ ကလီထော်အနောက်ကျေးရွာက ၂၇ စု၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာက ၈ စု နဲ့ စခန်းကြီးကျေးရွာက ၃ စု တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013