DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်တပ်က လက်နက်ဝယ်ယူရာ၌ ဒေါ်လာသန်း ၄၀ အဂတိလိုက်စားခဲ့
DVB
·
January 29, 2024
ယူကရိန်းစစ်တပ်က လက်နက်ဝယ်ယူရာ၌ ဒေါ်လာသန်း ၄၀ အဂတိလိုက်စားခဲ့
Donate to DVB

ယူကရိန်းစစ်တပ်က လက်နက်ဝယ်ယူရာမှာ အဂတိလိုက်စားမှု အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးလောက် ရှိခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး SBU က ဖော်ထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ ရုရှားရဲ့ ကျူးကျော်မှုကြောင့် အတိဒုက္ခရောက်နေတဲ့နိုင်ငံမှာ ရန်သူတွေကိုတိုက်ဖို့ လက်နက်ဖိုးကို ဖြတ်စားလပ်စားလုပ်တဲ့ကိစ္စဟာ တုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။

အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို အမြစ်ဖြုတ်ရေးဟာ   ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့အတွက်လည်း လိုအပ်ချက်တရပ် ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လက်နက်တင်သွင်းတဲ့ကုမ္ပဏီ Livi Arsenal က မန်နေဂျာတွေဟာ အမြောက်ဆန်ဝယ်ယူရေးမှာ ယူကရိန်းငွေ ဟာရစ်ညက်စ် ၁ ဒသမ ၅ ဘီလီယံတောင် ခိုးယူခဲ့ကြကြောင်း SBU က ထုတ်ပြန်ပါတယ်။

စစ်ပွဲ ခြောက်လကျော်လာချိန် ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ စစ်တပ်အတွက် အမြောက်ဆန် ၁ သိန်း ဝယ်ယူဖို့ Lviv Arsenal နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

ပိုက်ဆံကြိုပေးခဲ့ရပေမဲ့ ဘာလက်နက်မှ ရောက်မလာခဲ့ဘဲ ပြည်ပလွှဲလိုက်တဲ့ ပိုက်ဆံတွေ ပျောက်ချင်းမလှ ပျောက်ကုန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ယူကရိန်းတရားရေးစနစ်အရ တရားစွဲဆိုမှုအတွက် ပထမအဆင့်အဖြစ် သံသယရှိသူငါးဦးကို နို့တစ်စာပို့ထားပြီး အဲဒီထဲက တဦးကိုတော့ နယ်စပ်ကနေ ထွက်ပြေးဖို့ ကြိုးစားချိန်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ယူကရိန်းစစ်တပ်အတွင်း အဂတိလိုက်စားမှုဟာ အရင်ကတည်းက ရှိခဲ့တဲ့ကိစ္စဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကာကွယ်ရေးဝန်ကြီး အိုလက်စီရက်ဇ်နီကော့ဗ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။

ဝန်ကြီးဟောင်းကိုယ်တိုင်ကိုယ်ကျ အဂတိလိုက်စားမှုနဲ့ မစွပ်စွဲခံရပေမဲ့ သူဦးစီးစဉ် လက်အောက်ကလူတွေက တပ်ရိက္ခာနဲ့ ဝတ်စုံကိစ္စမှာ လာဘ်စားခဲ့တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013