DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာ စခန်းသိမ်းတိုက်ပွဲပြန် KIA တပ်ဖွဲ့ဝင်များကို ပြည်သူများ ကြိုဆို (ရုပ်သံ)
DVB
·
January 29, 2024
နမ့်ဖတ်ကာ စခန်းသိမ်းတိုက်ပွဲပြန် KIA တပ်ဖွဲ့ဝင်များကို ပြည်သူများ ကြိုဆို (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာနယ်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်အောင်မြင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

“နမ့်ဖတ်ကာမှာပါ။ အရင်းအနှီးများတဲ့ အောင်ပွဲပေါ့။ အောင်မြင်မှုအတွက် ဝမ်းသာရသလို ကျဆုံးသွားသူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတာပဲ” လို့ မုန်မြစ် ဆင်လီဂါးလို့ ကချင်တွေခေါ်ဆိုတဲ့ Kachin Sub - State နယ်ထဲက ပြည်သူတဦးက ပြောပါတယ်။

KIA တပ်ဖွဲ့ဝင်တွေကို ရိုးရာဝတ်စုံတွေ၊ ဂုဏ်ပြုကြိုဆိုသီချင်းတွေနဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတာပါ။

“ဒီလိုကြိုဆိုရဖို့ မျှော်လင့်ဖူးခဲ့တယ်။ ကြုံတွေ့ရလို့လည်း ဝမ်းသာရတယ်။ ညီနောင်မဟာမိတ်တွေနဲ့ စည်းစည်းလုံးလုံး ဆက်နေကြရဖို့ မျှော်လင့်ပါတယ်” လို့ ပြည်သူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေကို KIA က သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့သလို နမ့်ဖတ်ကာနယ် ပတ်ဝန်းကျင်လည်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်နဲ့ လေယာဥ်ဗုံးကြဲခံရတာမို့ ထိခိုက်ပျက်စီးမှု များတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013