DVB Logo
Home
မြန်မာသတင်း
မံစီ ခမရ ၆၀၂ စခန်းကုန်းကို KIA သိမ်းပိုက်၊ မော်ချီးဒေသကို KNDF ထိန်းချုပ်
DVB
·
January 29, 2024
မံစီ ခမရ ၆၀၂ စခန်းကုန်းကို KIA သိမ်းပိုက်၊ မော်ချီးဒေသကို KNDF ထိန်းချုပ်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကိုက်ထိပ်ကျေးရွာရှိ ခမရ ၆၀၂ စစ်တပ်စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက်မှာ KIA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၈ ရက် မနက် ၁၀ နာရီကျော်လောက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ KIA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့ကတည်းကဖြစ်နေတာ၊ အသံတွေလည်းကြားရတယ် လက်နက်ကြီးသံတွေ။ ဗန်းမော်မြို့က တက်လာတဲ့ ဂျက်လေယာဉ်တွေနဲ့လည်း လာကြဲတယ်လို့ပြောတယ်။ ညလုံးပေါက်နီးပါး တိုက်ပွဲဖြစ်နေတာ။ အခု KIA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေက ကိုက်ထိပ်ရွာက စခန်းတွေကို သိမ်းပိုက်လိုက်ပြီ။”

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေနဲ့ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ KIA သတင်းရင်းမြစ်က သိရပါတယ်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကိုလည်း ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီလို့ KNDF ထံက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်က မော်ချီးဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာကုန်တာ ဖြစ်ပါတယ်။

မော်ချီးဒေသ အခြေစိုက်စခန်းတွေက စစ်ကောင်စီတပ်သား ၆၀ ကျော်ဟာ ဖားဆောင်းဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“မော်ချီးဒေသကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပါပြီ။ မော်ချီးက စခန်းသုံးလေးခုက စစ်သားတွေက နှစ်ခုမှာ ပြန်လာပေါင်းတာပေါ့။ မြို့အဝင်ဘက် စခန်းတခုရယ်၊ တောင်ပေါ်စခန်း နှစ်ခုပဲ ကျန်တာပါ။ အဲ့ဒီနှစ်ခုက ရဲဘော်တွေက ဖားဆောင်းဘက်ကို ဆုတ်ခွာသွားတာဖြစ်တယ်” လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ဘော်လခဲမြို့နယ် ရွာသစ်မြို့နဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ထားကြောင်း ကရင်နီကာကွယ်ရေးတပ် (KNDF) ရဲ့ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013