DVB Logo
Home
အားကစား
အီဂျစ်အသင်း ကွန်ဂိုအသင်းကို ရှုံးနိမ့်ပြီး အာဖရိကဖလားပြိုင်ပွဲမှ ထွက်ခွာ
DVB
·
January 29, 2024
အီဂျစ်အသင်း ကွန်ဂိုအသင်းကို ရှုံးနိမ့်ပြီး အာဖရိကဖလားပြိုင်ပွဲမှ ထွက်ခွာ
1 / 8
Donate to DVB

အာဖရိကဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာ အီဂျစ်အသင်းက ကွန်ဂိုအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

မိုဆာလာ မပါဝင်နိုင်ခဲ့တဲ့ အီဂျစ်အသင်းဟာ ကွန်ဂိုရဲ့ ဦးဆောင်မှုခံခဲ့ရပြီး ပထမပိုင်းမှာပဲ ပြန်လည်ချေပနိုင်ခဲ့ပေမဲ့ မိနစ် ၉၀ အပြီးမှာ တဖက်တဂိုးစီ သရေကျခဲ့တာပါ။

အီဂျစ်အသင်းဟာ အချိန်ပိုမှာ တယောက်ထုတ်ပယ်ခံခဲ့ရပြီး ပွဲပြီးတဲ့အထိ အနိုင်အရှုံး မပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ပင်နယ်တီကန်သွင်းရာမှာ တိုက်စစ်မှူး မိုစတာဖာနဲ့ ဂိုးသမား ဂါဘာတို့ရဲ့ ကန်သွင်းချက်တွေ လွဲချော်ခဲ့တာကြောင့် ကွန်ဂိုအသင်းက ၈ ဂိုး ၇ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။

ဒဏ်ရာရရှိနေတဲ့ ဆာလာဟာ နောက်တဆင့် တက်ခဲ့မယ်ဆိုရင် ဝင်ကစားဖို့ မျှော်လင့်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မိခင်ကလပ် လီဗာပူးအသင်းနဲ့ ပြန်လည်ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။

တခြားပွဲတွေမှာတော့ အန်ဂိုလာ၊ နိုင်ဂျီးရီးယား၊ ဂီနီတို့ ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013