DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေး
DVB
·
January 28, 2024
ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေး
Donate to DVB

ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ UN က စုံစမ်းစစ်ဆေးတာကို ကြိုဆိုတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇန်နဝါရီ  ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်တွေ အစ္စရေးကို တိုက်ခိုက်ရာမှာ အေဂျင်စီဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်လို့ အစ္စရေးက စွပ်စွဲပြီးတဲ့နောက် UN က ခုလို စစ်ဆေးနေတာပါ။

ဗြိတိန်၊ အီတလီနဲ့ ဖင်လန်တို့ဟာ ဇန်နဝါရီ ၂၇ ရက်မှာ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါတို့နဲ့ ပူးပေါင်းခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီအတွက် ရန်ပုံငွေ ခဏရပ်ထားတဲ့ နောက်ဆုံးနိုင်ငံတွေ ဖြစ်လာပါတယ်။

UNRWA ဝန်ထမ်း ၁၂ ဦးဟာ ဟားမတ်စ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အစ္စရေးကပြောပြီးချိန်မှာ အကူအညီပေးခြင်းကို ခေတ္တရပ်ထားတယ်လို့ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါတို့က ကြေညာခဲ့ပါတယ်။ 

UN ဟာ ဝန်ထမ်းအများအပြားကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ခဲ့ပြီး သူတို့နဲ့ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ ပါလက်စတိုင်းတွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို “စစ်မှန်တဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ အေဂျင်စီတွေနဲ့ အစားထိုးဖို့နဲ့ တခြားနိုင်ငံတွေလည်း UNRWA ရဲ့ ရန်ပုံငွေကို ခဏရပ်ထားဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ  ၂၇ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

၁၉၄၈ စစ်ပွဲရဲ့ ဒုက္ခသည်တွေကို ကူညီဖို့ တည်ထောင်ထားတဲ့ UNRWA ဟာ ဂါဇာ၊ အနောက်ဘက်ကမ်း၊ ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အကူအညီပေးရေး ၀န်ဆောင်မှုတွေ ပေးနေတာပါ။  ဂါဇာကမ်းမြောင်ဒေသက လူဦးရေ ၂.၃ သန်းရဲ့ သုံးပုံနှစ်ပုံလောက်ကို ကူညီပေးပြီး လက်ရှိ စစ်ပွဲအတွင်း အဓိကအကူအညီပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ UNRWA ကို ဆန့်ကျင်တဲ့ အစ္စရေး စစ်ဆင်ရေး ဆိုတဲ့ ဖော်ပြချက်ကို ဝေဖန်ခဲ့ပြီး ဇီယွန်ဝါဒီ ရန်သူဆီကရတဲ့ အချက်အလက်ကို အခြေခံပြီး ဝန်ထမ်းစာချုပ်တွေ ရပ်စဲခြင်းကို ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ရှုတ်ချခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013