DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် အမျိုးသမီးများ အသတ်ခံရမှု အဆုံးသတ်ရေး ဆန္ဒပြ
DVB
·
January 28, 2024
ကင်ညာတွင် အမျိုးသမီးများ အသတ်ခံရမှု အဆုံးသတ်ရေး ဆန္ဒပြ
Donate to DVB

ရာချီတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ကင်ညာနိုင်ငံမှာ အခုလအတွင်း လူသတ်မှု မြင့်တက်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ကြားက ကင်ညာမှာ အမျိုးသမီး အသတ်ခံရမှု အဆုံးသတ်ရေး တောင်းဆိုဖို့ ဇန်နဝါရီ ၂၇ ရက်မှာ နိုင်ရိုဘီမြို့တော်ရဲ့ လမ်းတွေပေါ်ကို ထွက်လာခဲ့ကြပါတယ်။

ကင်ညာနိုင်ငံမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ အစိုးရက လုံလုံလောက်လောက် မလုပ်ဆောင်ဘူးလို့ မီဒီယာတွေက ဖော်ပြခဲ့တဲ့ နှစ်စကတည်းက ခုထိ နိုင်ငံတွင်းမှာ အမျိုးသမီး ၁၀ ယောက်ထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

အစိုးရက ခုလို သတ်ဖြတ်မှုတွေကို တရားဝင်မှတ်တမ်း မတင်ရင် အမျိုးသမီးတွေ ဘေးကင်းဖို့ ခက်တယ်လို့ ကင်ညာမှာ အမျိုးသမီး အသတ်ခံရမှုဆိုင်ရာ အချက်အလက်တွေကို စုဆောင်းတဲ့ ပြည်တွင်းအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Femicide Count Kenya က တက်ကြွလှုပ်ရှားသူတွေက ပြောခဲ့ပါတယ်။ နိုင်ငံတဝန်းက တခြားမြို့တွေမှာလည်း စနေနေ့က အလားတူဆန္ဒပြခဲ့ကြတာပါ။

၂၀၂၂ ခုနှစ်က အစိုးရ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတပုံဟာ ကျား၊ မ ကွဲပြားချက် အခြေပြု အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရလို့ ကင်ညာ အမျိုးသမီးတွေအတွက် တရားမျှတမှုပေးဖို့ လိုတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

Source/Photo - REUTERS/Monicah Mwangi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013