DVB Logo
Home
မြန်မာသတင်း
သိုင်းငင်း စခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရသည့် ရဲဘော်များ ကုသရန် စရိတ်လိုအပ်
DVB
·
January 28, 2024
သိုင်းငင်း စခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရသည့် ရဲဘော်များ ကုသရန် စရိတ်လိုအပ်
Donate to DVB

ချင်းပြည်နယ်၊ စီးယင်းနယ်မြေဒေသ၊ သိုင်းငင်းကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ချင်းကာကွယ်ရေးရဲဘော်တွေ ဆေးဝါးကုသဖို့ စရိတ်တွေ လိုအပ်နေတယ် လို့ CDF-CDM Siyin ဆီက သိရပါတယ်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် အယောက် ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသဖို့လိုအပ်နေတဲ့ ရဲဘော် အယောက် ၄၀ ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရရဲဘော်တွေအတွက် ခြေတုတပ်ဖို့နဲ့ အရိုးကျိုးလို့ သံမဏိချောင်းထည့်ဖို့ စတာတွေအတွက် ဆေးဝါးကုသစရိတ်ငွေကြေး လိုအပ်နေတာ ဖြစ်ပါတယ်။

ရဲဘော်တွေကို CNA/CNF ဌာနချုပ်က ဆေးရုံနဲ့  တပ်ရင်းအဖွဲ့ချုပ်တွေရဲ့ ဆေးရုံတွေမှာ ဆေးကုသပေးနေတာဖြစ်ပါတယ်။

CDF-CDM စီးယင်းတာဝန်ရှိသူတယောက်က “ခြေအတု စီစဉ်ပေးဖို့က ၄ ဦး ရှိပြီ။ လက်တဖက် ပြတ်သွားတာက ၁ ယောက်ရှိပါတယ်။ ခြေထောက် steel ထည့်ဖို့လိုတာက ၄ ယောက်ရှိပါတယ်။ ၁ ယောက်က ဦးနှောက်ညာဘက်က ကျည်ဝင်တာ ထုတ်လို့မရဘူး။ ကိုယ်ခန္ဓာဘယ်ဘက်ခြမ်း လှုပ်မရဘူး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ကလေး-သိုင်းငင်းလမ်းမကြီးလျှောက်က သိုင်းငင်းကျေးရွာအခြေစိုက် စစ်ကောင်စီ စခန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013