DVB Logo
Home
နိုင်ငံတကာ
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်နှင့် အရပ်သားများကို ပိုကူညီရန်  ကမ္ဘာ့တရားရုံး၏ ဆုံးဖြတ်ချက် ပါလက်စတိုင်း ကြိုဆို
DVB
·
January 27, 2024
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်နှင့် အရပ်သားများကို ပိုကူညီရန်  ကမ္ဘာ့တရားရုံး၏ ဆုံးဖြတ်ချက် ပါလက်စတိုင်း ကြိုဆို
Donate to DVB

ပါလက်စတိုင်းနိုင်ငံ လက်ထောက်ပြည်ထောင်စုဝန်ကြီး အမ်းမာ ဟပ်ဂျာဇီက ပါလက်စတိုင်းတွေ ဟာ ကမ္ဘာ့တရားရုံးရဲ့ စီရင်ချက်ကို ကြိုဆိုတယ်လို့ ဇန်နဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ဒါဟာ လူသားတွေအတွက် ကောင်းမွန်တဲ့နေ့ တနေ့ဖြစ်တယ်လို့လည်း ပြောပါတယ်။

ထောက်ခံမှုအတွက် တောင်အာဖရိကကို ကျေးဇူးတင်တယ်၊ စီရင်ချက်ဟာ အစ္စရေးနဲ့ “ဖြစ်အောင်လုပ်တတ်သူတွေ” အတွက် နှိုးဆော်ချက်တရပ် ဖြစ်သင့်တယ်လို့လည်း ဟပ်ဂျာဇီက ကမ္ဘာ့တရား ရုံးအပြင်ဘက်မှာ ရပ်ရင်း ပြောပါတယ်။

တောင်အာဖရိကနိုင်ငံက တင်သွင်းတဲ့ ဒီအမှုမှာ ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးဖို့နဲ့ အရပ်သားတွေကို ပိုကူညီဖို့ အစ္စရေးကို ကမ္ဘာ့တရားရုံးက အမိန့်ပေးခဲ့ပြီး အပစ်အခတ် ရပ်စဲ ဖို့ကိုတော့ အမိန့်မပေးခဲ့ပါဘူး။ 

ဂါဇာမှာအပစ်အခတ်ရပ်စဲဖို့ တရားသူကြီးတွေက အမိန့်မပေးလို့ စိတ်ပျက်မိတယ်လို့ နယ်သာလန်နိုင်ငံ၊ သဟိတ်ဂ်မြို့က ကမ္ဘာ့တရားရုံး အပြင်ဘက်မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေက ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

သဘောတူညီချက်အောက်မှာ ပါလက်စတိုင်းတွေကို အကာအကွယ်ပေးထားတာကို တရားရုံးက တွေ့ရှိထား ပါတယ်။

စစ်ပွဲအတွင်း သူတို့ရဲ့ အခွင့်အရေးတွေကို ငြင်းဆိုခံရခြင်း ရှိ၊ မရှိ တရားရုံးက ကြားနာစစ်ဆေးမှာပါ။

ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်နစ်နာမှု ဖြစ်စေတာကိုလည်း တရားရုံး က တွေ့ရှိခဲ့ပါတယ်။

ပဋိပက္ခတွေဖြစ်စေခဲ့တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲထားတဲ့ ဓားစာခံ တွေကို လွှတ်ပေးဖို့ကိုလည်း ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆို ထားပါတယ်။

ခန်းယူးနစ်မြို့က ယာယီအမိုးအကာ တခုမှာနေရတဲ့ ဂါဇာဒေသခံတွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်က အပစ်အခတ်ရပ်စဲရေးကို ဆောင်ကြဉ်းပေးမယ်လို့ မျှော်လင့်ခဲ့ကြတာလို့ ပြောပါတယ်။ 

အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၂၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့ စီမံခန့်ခွဲနေတဲ့ ဂါဇာက အာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ သေဆုံးပြီး တခြားလူ ၂၅၀ လောက် ပြန်ပေးဆွဲခံရလို့ တုံ့ပြန်တဲ့အနေ နဲ့ ထိုးစစ်ဆင်ခဲ့တာလို့ အစ္စရေးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဂါဇာကမ်းမြောင်ဒေသအများစုမှာ ပြားပြားဝပ် ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဒသမ ၃ သန်းရဲ့ အများစု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဂါဇာစစ်ပွဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးအရေးယူဖို့ ကမ္ဘာ့တရားရုံးက အမိန့်ထုတ်ပြီးတဲ့နောက် အစ္စရေးနိုင်ငံဟာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ ကတိပြုထားတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လည်းရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013