DVB Logo
Home
နိုင်ငံတကာ
အလာဘားမားပြည်နယ်၌ လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသူကို  နိုက်ထရိုဂျင်ဓာတ်ငွေ့ပေးပြီး သေဒဏ်စီရင်
DVB
·
January 27, 2024
အလာဘားမားပြည်နယ်၌ လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသူကို  နိုက်ထရိုဂျင်ဓာတ်ငွေ့ပေးပြီး သေဒဏ်စီရင်
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်မှာ လူသတ်မှုနဲ့သေဒဏ်ကျခံနေရသူ ကဲနက်သ် ယူဂျင်းစမစ်ကို ဇန်နဝါရီ ၂၅ ရက်မှာ နိုက်ထရိုဂျင်ဓာတ်ငွေ့ပေးပြီး သေဒဏ်စီရင်ခဲ့ပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ စမစ်က အခုစီရင်တဲ့ပုံစံဟာ ရက်စက်ပြီး ပုံမှန်မဟုတ်ဘူးလို့ ကန့်ကွက်တင်ပြခဲ့ပေမဲ့ တရားရုံးချုပ်က ပယ်ချခဲ့ပြီးနောက်မှာ ကမ္ဘာမှာ ပထမဆုံးအကြိမ် နိုက်ထရိုဂျင်ဓာတ်ငွေ့သုံး သေဒဏ်စီရင်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အရင်တုန်းက ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်စ်လို အဆိပ်ငွေ့သုံးပြီး စီရင်တာရှိခဲ့ပေမဲ့ အခုလိုအစွမ်းမဲ့ဓာတ်ငွေ့  (Inert Gas) စာရင်းဝင် နိုက်ထရိုဂျင်နဲ့ အသက်ရှုမဝအောင် လုပ်ပြီးသတ်တာက ပထမဆုံးအကြိမ်ပါ။

၂၀၂၀ ပြည့်နှစ်တုန်းက စမစ်ကို ဆေးထိုးပြီး သေဒဏ်စီရင်ခဲ့ပေမဲ့ အသက်မသေခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်မံစီရင်တာပါ။

စမစ်ဟာ ၁၉၈၉ ခုနှစ်တုန်းက ခရစ်ယာန်ဘုန်းတော်ကြီး တပါးရဲ့ ဇနီးဖြစ်သူ အဲလိဇဘက်ဆန်းနက်ကို သတ်ဖြတ်မှုအတွက် သေဒဏ်စီရင်ခံရတာဖြစ်ပါတယ်။

ကြွေးနွံနစ်နေတဲ့ ဘုန်းတော်ကြီး ချားစ်ဆန်းနက်ဟာ အာမခံငွေ လိုချင်လို့ သူ့မိန်းမကို သူပြန်သတ်ခိုင်းခဲ့တာဖြစ်ပြီး ချားစ်ဆန်းနက်လည်း နောက်ပိုင်းမှာ အစစ်ဆေးခံရမှာစိုးလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။

ဒေါ်လာ ၁၀၀၀ ပေးပြီး မစ္စစ်ကင်းနက်ကို သတ်ဖို့ စေခိုင်းခံရသူ နှစ်ယောက်ထဲမှ စမစ်လည်းပါဝင်ခဲ့ပါတယ်။ တခြားတရားခံတဦးဖြစ်တဲ့ ဂျွန်ဖောရက်စ် ပါကာကိုတော့ ၂၀၁၀ မှာ သေဒဏ်စီရင်ပြီးပါပြီ။

မစ္စဆန်းနက်ဟာ မီးလင်းဖို သံချောင်းနဲ့ ရိုက်နှက်ခံခဲ့ရပြီး ရင်ဘက်နဲ့ လည်ပင်းကို ထိုးသွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။

စမစ်က သတ်ဖြတ်စဉ်မှာ သူရှိနေကြောင်း ဝန်ခံခဲ့ပေမဲ့ တိုက်ခိုက်မှုမှာမပါခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ 

သေဒဏ်စီရင်မှုကို ကြည့်ခွင့်ရခဲ့တဲ့ ဂျာနယ်လစ်တစ်ဦးရဲ့အဆိုအရ စမစ်ဟာ ဘီးတပ်ကုတင်ပေါ်မှာ အသည်းအသန် ရုန်းကန်နေခဲ့ပြီး မသေခင် ၂၅ မိနစ်လောက်အထိ ရုန်းကန်သွားတယ်လို့ဆိုပါတယ်။

အလာဘာမားပြည်နယ်ရဲ့ တရားရုံး ချေပချက်မှာ တရားခံဟာ စက္ကန့်ပိုင်းအတွင်း အသိစိတ်ပျောက်ပြီး မိနစ်ပိုင်းအတွင်း သေဆုံးမယ်လို့ ဖော်ပြထားပေမဲ့ စမစ်ဟာ ၂၅ မိနစ်လောက် ရုန်းကန်သွားခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့သူတွေက ဆိုပါတယ်။

သေဒဏ်မစီရင်မီ စမစ်က “ဒီကနေ့မှာ အလာဘားမားဟာ လူသားမျိုးနွယ်ကို နောက်ခြေတလှမ်းဆုတ်စေလိုက်ပြီ”လို့ အစချီတဲ့ ရှည်လျားတဲ့ ထုတ်ပြန်ချက်တစောင် ထုတ်သွားပါတယ်။

သူ့မျက်နှာဖုံးစွပ်ထဲကို ဓာတ်ငွေ့စဝင်လာတဲ့အချိန်မှာ စမစ်က ပြုံးနေခဲ့ပြီး သူမိသားစုကို ခေါင်းငြိမ့်ပြခဲ့ကာ ချစ်တယ်ဆိုတဲ့ လက်သင်္ကေတပြသွားခဲ့တယ်လို့ ဆိုပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013