DVB Logo
Home
နိုင်ငံတကာ
၁၆ နှစ်အောက် လူမှုကွန်ရက်မသုံးရ ဥပဒေကြမ်း ဖလော်ရီဒါ အောက်လွှတ်တော် အတည်ပြု
DVB
·
January 26, 2024
၁၆ နှစ်အောက် လူမှုကွန်ရက်မသုံးရ ဥပဒေကြမ်း ဖလော်ရီဒါ အောက်လွှတ်တော် အတည်ပြု
Donate to DVB

အသက် ၁၆ နှစ်နဲ့ ၁၆ နှစ်အောက် ကလေးသူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှု တားမြစ်တဲ့ ဥပဒေကြမ်းတရပ်ကို ဖလော်ရီဒါပြည်နယ် အောက်လွှတ်တော်က ဇန်နဝါရီ ၂၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ပါ ထောက်ခံခဲ့ကြတဲ့အတွက် ၁၀၆ မဲ ၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးထားတဲ့ ပြည်နယ်အထက်လွှတ်တော်မှာလည်း မကြာမီ အတည်ပြုနိုင်ဖွယ် ရှိပါတယ်။

ဥပဒေကြမ်းအရ အသက် ၁၆ နှစ်အောက် မည်သူမဆို လူမှုကွန်ရက် အကောင့်သစ်ဖွင့်တာကို တားမြစ်ထားသလို ဖွင့်ထားပြီးသား အကောင့်တွေထဲကလည်း ၁၆ နှစ်အောက် ငယ်ရွယ်သူတွေရဲ့ အကောင့်တွေအားလုံးကို သက်ဆိုင်ရာ လူမှုကွန်ရက်က ပိတ်ချရမှာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ် ပြည့် မပြည့် အတည်ပြုချက်ကိုလည်း အရင်လို အလွယ်တကူလုပ်လို့ မရတော့ဘဲ သက်ဆိုင်ရာ လူမှုကွန်ရက်နဲ့ မပတ်သက်တဲ့ သီးခြားလွတ်လပ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတရပ်ရပ်ကို အသုံးပြုရမယ်လို့ ပါရှိပါတယ်။ ဒီလိုကန့်သတ်မှုတွေ လုပ်လာတာ ဖလော်ရီဒါပြည်နယ်က ပထမဆုံး မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က ယူတားပြည်နယ်ဟာ အုပ်ထိန်းသူခွင့်ပြုချက်မရှိဘဲ အသက် ၁၈ နှစ်အောက်တွေ လူမှုကွန်ရက်မသုံးဖို့ ပထမဆုံး ပိတ်ပင်တဲ့ပြည်နယ် ဖြစ်လာပါတယ်။

ဒါ့အပြင် ည ၁၀ နာရီခွဲကနေ မနက် ၆ နာရီခွဲအထိ အသက်မပြည့်သေးသူတွေ လူမှုကွန်ရက် သုံးတာကိုလည်း ပိတ်ပင်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013