DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ - ၁၂၃ ကို KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
January 25, 2024
နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ - ၁၂၃ ကို KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
1 / 6
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရာ လမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ အခြေစိုက် စစ်ကောင်စီ ခလရ - ၁၂၃ စခန်းအားလုံးကို ဇန်နဝါရီ ၂၄ ရက်နေ့ည ၆ နာရီဝန်းကျင်လောက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"အရင်ရက်တွေက သိမ်းလိုက်တာက အပြင်ဘက်က ပို့စ်အငယ်တွေပဲလေ။ မနေ့ည ၆ နာရီမှာက အားလုံး အပြီးသတ် အကုန်သိမ်းလိုက်ပြီ။ KIA ဘက်က တပ်စခန်းအတွင်း ရှင်းလင်းရေးတွေ အကုန်လုပ်ပြီးပြီ။ လက်နက်တွေ အများကြီး။ ကျနော်တို့အတွက်တော့ သမိုင်းဝင် ဖြစ်သွားပြီ" လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဂျမ်မာ နဲ့ လေယာဉ်ပစ် လက်နက် ၁ လက် အပါအဝင် လက်နက်ကြီးအများအပြားနဲ့ လက်နက်ငယ် မရေမတွက်နိုင်အောင် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးတွေ ၁၂ ဘီး ၁၀ စီးနဲ့ သယ်တာတောင် မကုန်နိုင်ဘူး။ အဲဒါ လက်နက်သေး မပါသေးဘူး။ လက်နက်ကြီးတွေကို ကရိန်းနဲ့ သယ်ထုတ်ပြီး တင်ရတယ်။ ... လေယာဉ်ကျတာလည်း နမ့်ဖတ်ကာ သိမ်းနိုင်မှ ကောင်းကောင်း မျက်စိနဲ့တပ်အပ် တွေ့ရတော့တယ်" လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရှေ့တန်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။

နမ့်ဖတ်ကာ ခလရ - ၁၂၃ စစ်ကောင်စီ စခန်းဟာ ဗိုလ်မှူးချုပ် လင်းအောင်မိုး (စတသ-၃၉) ကွပ်ကဲ အုပ်ချုပ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၇ ဖယ်ခုံ) လက်အောက်ခံ တပ်မ အထိုင် တပ်ရင်းစခန်းဖြစ်ပြီး ဧက ၉၀ ခန့် ကျယ်ဝန်းကာ ခလရ - ၄၅ ရှေ့တန်းစခန်း နဲ့ ခလရ - ၁၂၃ တပ်ရင်းစခန်းကြီးကို အကာအကွယ်ပေးတဲ့ စခန်းငယ်‌တွေ အပါအဝင် စုစုပေါင်း တပ်စခန်း ၇ ခု နဲ့ ရဟတ်ယာဉ်ကွင်း ၂ ခု ရှိတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာ ရဲစခန်းနဲ့ ခလရ - ၁၂၃ အထိုင်စခန်းကြီးကို အကာအကွယ်ပေးတဲ့ စခန်းငယ်အချို့ကိုတော့ ဒီဇင်ဘာ ၂၉ ရက်နေ့နဲ့  ဇန်နဝါရီ ၁၄ ရက်နေ့တွေမှာ သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ၂ ယောက်စီး တိုက်လေယာဉ် FTC-2000G ကိုလည်း ပစ်ချနိုင်ခဲ့ကာ လေယာဉ်မှူး ဗိုလ်မှူး အေးမြင့်နဲ့ ဗိုလ်ကြီး ကောင်းစံ သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013