DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ တလအတွင်းထွက်သွားရန် ဟူသီသူပုန် အမိန့်ပေး
DVB
·
January 25, 2024
အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ တလအတွင်းထွက်သွားရန် ဟူသီသူပုန် အမိန့်ပေး
Donate to DVB

ယီမင်ရှိ ဟူသီအာဏာပိုင်တွေဟာ ကုလသမဂ္ဂနဲ့ ဆာနားအခြေစိုက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက အမေရိကန်နဲ့ ဗြိတိန်ဝန်ထမ်းတွေကို တလအတွင်း နိုင်ငံတွင်းမှ ထွက်ခွာသွားဖို့ စာထုတ် အမိန့်ပေးခဲ့ကြောင်း ဟူသီအရာရှိတဦးက ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

“ရက်ပေါင်း ၃၀ အတွင်း ယီမင်နိုင်ငံမှ ထွက်ခွာဖို့ ပြင်ဆင်ပြီး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသား တာဝန်ရှိသူတွေနဲ့ သူတို့နဲ့အတူ လုပ်ကိုင်နေကြတဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားရဖို့ ဝန်ကြီးဌာနက အလေးပေး ပြောကြားထားတယ်”လို့ ယီမင်ရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ပီတာဟော့ကင်န်စ် ဆီကို ဟူသီ နိုင်ငံခြားရေး ဝန်ကြီးဌာနက စာတစောင် ပေးပို့ထားပါတယ်။

အဲဒီစာထဲမှာ နိုင်ငံခြားအဖွဲ့အစည်းတွေအနေနဲ့ ယီမင်နိုင်ငံက လုပ်ငန်းတွေအတွက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေကို ငှားရမ်း ခန့်အပ်ခြင်း မပြုဖို့လည်း ညွှန်ကြားထားပါတယ်။

အဲဒီစာဟာ အစစ်အမှန်ဖြစ်ကြောင်း ဟူသီ ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမဒ် အဗ္ဗဒူလ်ဆာလမ်က ရိုက်တာကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား ဟော့ကင်းန်စ်ရဲ့ ရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်ခဲ့ပါဘူး။

အဲဒီစာနဲ့ပတ်သက်ပြီး သတင်းတွေကို သိရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ ဟူသီအာဏာပိုင်တွေဆီကနေ ရရှိခဲ့တာကြောင့် ယီမင်ရှိ ကုလသမဂ္ဂ သို့မဟုတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စား ပြောဆိုမှာ မဟုတ်ကြောင်းလည်း အမေရိကန်သံရုံးက ဆိုထားပါတယ်။

ဗြိတိန်သံရုံးကလည်း ဝန်ထမ်းတွေကို ထွက်ခွာဖို့ ညွှန်ကြားထားခြင်း မရှိသေးကြောင်းနဲ့ သံအဖွဲ့ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နီးနီးကပ်ကပ် အဆက်အသွယ် ရှိကြောင်းလည်း ပြောပါတယ်။

ဒီအရေးယူဆောင်ရွက်မှုဟာ အမေရိကန်နဲ့ ဗြိတိန်တို့ကို ဆန့်ကျင်တာဖြစ်ပြီး အဲဒီနှစ်နိုင်ငံဟာ ယီမင်နိုင်ငံအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ပြီး တရားမျှတမှုမရှိဘူးလို့ ဟူသီတွေစီမံတဲ့ ယီမင် သတင်းအေဂျင်စီ (Saba) ကို ဦးစီးသူ နက်စ်ရူဒင် အာမာက ပြောပါတယ်။

မြို့တော် ဆာနားနဲ့ နိုင်ငံတဝန်းရှိ တခြားပြည်နယ်တွေမှာ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အာမာက ရှုတ်ချခဲ့ပါတယ်။

ပင်လယ်နီမှာ အစ္စရေးနဲ့ ဆက်နွှယ်တယ်ဆိုပြီး ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ အီရန်မဟာမိတ် ဟူသီအဖွဲ့ရဲ့ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့က တခြားနိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာအပြီးမှာ ဒီဆုံးဖြတ်ချက် ထွက်လာတာပါ။

ဝါရှင်တန်ဟာ ပင်လယ်နီအတွင်း နိုင်ငံတကာ သင်္ဘောတွေကို တိုက်ခိုက်နေတဲ့အပေါ် တားဆီးဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အမေရိကန်အစိုးရဟာ ဟူသီတွေကို အကြမ်းဖက်အဖွဲ့စာရင်းထဲ ပြန်လည်ထည့်သွင်းခဲ့ပါတယ်။

Source/Photo-REUTERS/Khaled Abdullah

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013