DVB Logo
Home
အားကစား
မန်ယူတိုက်စစ်မှူး မာစီယယ် ဒဏ်ရာကြောင့် ၁၀ ပတ်ခန့် အနားယူရမည်
DVB
·
January 25, 2024
မန်ယူတိုက်စစ်မှူး မာစီယယ် ဒဏ်ရာကြောင့် ၁၀ ပတ်ခန့် အနားယူရမည်
Donate to DVB

မန်ယူတိုက်စစ်မှူး အန်တိုနီမာစီယယ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ရက်သတ္တပတ် ၁၀ ပတ်  လောက် အနားယူရတော့မှာပါ။

မာစီယယ်ဟာ ကာလရှည်ဒုက္ခပေးခဲ့တဲ့ ပေါင်ခြံဒဏ်ရာကို ပြီးခဲ့တဲ့ရက်ပိုင်းက ခွဲစိတ် ကုသခဲ့ပြီး ၁၀ ပတ်လောက် အနားယူရဖို့ဖြစ်လာတာပါ။

မန်ယူအသင်းဘက်ကလည်း အတည်ပြုခဲ့ပြီး လက်ရှိ အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတဦးနဲ့ အစားထိုးနိုင်ပါတယ်။

သတင်းတွေအရတော့ မန်ယူ အသင်းဟာ ဟွိုက်လန်းတဦးသာ တိုက်စစ်မှူးစစ်စစ် ရှိနေပေမဲ့ ကစားသမားသစ်ခေါ်ယူဖို့ မရှိဘဲ လက်ရှိလူစာရင်းနဲ့သာ ဆက်လက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ခန့်မှန်း သုံးသပ်ကြပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တွေမှာ ဝက်စ်ဟော့နဲ့ အီဂါလို တို့လိုတိုက်စစ်မှူးတွေကို အရေးပေါ်ခေါ်ယူခဲ့ဖူး ပါတယ်။

ဒါပေမဲ့ အခုနှစ်အပြောင်းအရွှေ့မှာတော့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် တိုက်စစ်မှူးသစ်ခေါ်ယူဖို့  အခက်တွေ့နေရတယ်လို့ သိရပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013