DVB Logo
Home
နိုင်ငံတကာ
မွန်ဂိုလီးယားတွင် ဓာတ်ငွေ့တင်ကား ပေါက်ကွဲမီးလောင်ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံး
DVB
·
January 24, 2024
မွန်ဂိုလီးယားတွင် ဓာတ်ငွေ့တင်ကား ပေါက်ကွဲမီးလောင်ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံး
Donate to DVB

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တော်မှာ ဇန်နဝါရီ ၂၄ ရက်က သဘာဝဓာတ်ငွေ့ရည် တန်ချိန် ၆၀ တင်ဆောင်လာတဲ့ ထရပ်ကားတစီး ပေါက်ကွဲပြီးနောက် မီးသတ်သမား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း မွန်ဂိုလီးယား အရေးပေါ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီမှာ တိုက်ခန်းတခုရဲ့ ပြတင်းပေါက်ကနေ လမ်းမလယ်မှာ ထရပ်ကားတစီး မီးလောင်နေတဲ့ အံ့သြစရာကောင်းတဲ့ အခိုက်အတန့်ကို မျက်မြင်သက်သေတဦးက ဗီဒီယို ရိုက်ယူနိုင်ခဲ့ပါတယ်။

ဓာတ်ငွေ့ပေါက်ကွဲမှုကြီးကြောင့် မြို့ပါ တုန်ဟည်းသွားခဲ့ပြီး အနီးအနားကိုလည်း မီးပွားတွေ လွင့်စင်ခဲ့ရာမှာ လူနေအိမ် အဆောက်အအုံတလုံး အပါအဝင် အနီးနားရှိ အဆောက်အအုံ အများအပြားကို မြန်မြန်ဆန်ဆန် မီးကူးစက် လောင်ကျွမ်းသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေ၊ အွန်လိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် မော်တော်ကားတွေလည်း လုံးဝ မီးလောင်သွားကြပါတယ်။ ဒွန်ဂျင်ဂါရာ့ဗ် ဈေးအနီး မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မွန်ဂိုလီးယား အရေးပေါ်စီမံခန့်ခွဲမှုရုံးက ဖေ့စ်ဘွတ်ခ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

မီးငြှိမ်းသတ်ရာမှာ မီးသတ်သမား ၆၀၀ ကျော်နဲ့ မီးသတ်ယာဉ် အစီး ၁၀၀ ကျော် ပါဝင်ငြှိမ်းသတ်ခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013